တီတီ...တီတီ...။
နိုးစက်သံနာရီက အသံမြည်လာတဲ့အခါသူမအာရုံတွေကလဲ ချက်ချင်းလှုံဆော်လာတယ်၊ မျက်လုံးဖွင့်ဖွင့်ခြင်းသူမလိုက်ရှာမိတာ ဖုန်းကို၊ သူ့ဆီကစာပို့ထားမလားဆိုတဲ့စိတ်နဲ့ message box ထဲဝင်လိုက်ပေမဲ့ ပြန်စာမလာတဲ့ noti မရှိသော message box လေးကကြိုဆိုနေတယ်၊ နေသားကျနေပြီဖြစ်တဲ့သူမကထိုအရာကိုခတ်ပေါ့ပေါ့လေးသာပြုံးပြီး အိပ်ယာထဖို့လုပ်ရတော့သည်၊ စိတ်ထဲနေရခတ်ပေမဲ့ပေါ့။
Final exam ဖြေထားတဲ့ Anna က သူမမွေးနေ့အတွက်အလုပ်ကနေခွင့်ယူပြီး သူချစ်ရသူနဲ့ ဘုရားသွားဖို့လုပ်ထားပေမဲ့ သူမမွေးနေ့ကိုမေ့ဟန်တူသည့် Chan က သူမကို မွေးနေ့နှင့်ပတ်သက်တာဘာတစ်ခုမှလာမပို့သေး၊ Anna ထင်တာ Chan အိပ်ယာကမနိုးသေးတာဖြစ်မှာပါဟူ၍။
ဒီနှစ်လဲ သူမတစ်ယောက်ထဲဖျတ်သန်းရမဲ့ သူမမွေးနေ့မနတ်ပိုင်းမှာ အိမ်ကအမေကသူမကိုဆုတောင်းစကားအရင်ပြောပေးတယ်၊ ညည့်နတ်သန်းခေါင်မှာတုန်းကလဲ သူမ၏အရင်းနီးဆုံးသူငယ်ချင်းက birthday wish ပေးတယ်၊ တစ်ခြားသူတွေထက်သူကပထမဖြစ်ချင်သည်ဟူ၍၊ ဒါပေမဲ့ သူမရဲ့ အသက် ၂၁ ပြည့်မွေးနေ့မှာ ပထမဆုံး wish ပေးတဲ့သူက Chan ဖြစ်စေချင်တာ။
တကယ်တမ်းကျ Chan ကိုသူမဘက်ကအချစ်ဆုံးလို့သတ်မှတ်ထားပေမဲ့ သူမတို့နှစ်ယောက်ကချစ်သူတွေဟုတ်မနေပြန်ဘူး၊ သူမကသာ Chan မျက်နှာတစ်ကမ္ဘာထင်ပြီး Chan ကိုသာငေးကြည့်နေခဲ့တာ၊ ဒါဆို Chan ဘက်ကကောသူမကိုဘယ်လိုတွေးထားလဲ။
ဘုရားသွားတဲ့လမ်းတစ်လျောက် သူ့ဘက်ကတစ်စုံတစ်ရာစာများပို့လာလေးမလာဆိုတဲ့စိတ်နဲ့ဖုန်းကိုလက်ကမချနိုင်တဲ့အထိ၊ Chan မလာတာသေချာသွားသည့်နောက် ရင်နာနာနှင့်သူမပြုံးလိုက်မိလေသလား၊ ဘုရားရောက်တော့ သူမ၏သူငယ်ချင်းကသူမကိုစောင့်နေပြီး Chan ကောမပါဘူးလားလို့မေးတယ်၊ တကယ်က သူမသူငယ်ချင်းက Chan နှင့်သူမကိုဓာက်ပုံရိုက်ပေးမည်ဟုဆိုပြီးတမင်ဘုရားကိုလိုက်လာပေးခဲ့တာ၊ ညကသူမထင်တာ Chan က သူမတို့လွန်ခဲ့သည့်သုံးရင်ကပေးထားသည့်ကတိကိုတည်မည်ဟုထင်ပြီး။
ဘုရားမှာရေသပ္ပါယ်ပြီးနောက် ဇောင်းတန်းမှာခဏနားတုန်း သူမနှင့် Chan အကြောင်းကို သူငယ်ချင်းကိုပြောပြဖြစ်သည်၊ သူမယုံကြည်ရတဲ့တစ်ဦးတည်းသောသူမသူငယ်ချင်းက သူမကိုပြန်နှစ်သိမ့်ပေးနေပြန်သည်၊ fb noti အသံတစ်ခုကြောင့်ဖွင့်ကြည့်တော့ သူမရင်ထဲသိမ့်ခနဲ၊ သူမတွေ့လိုက်တာ relationship ချိတ်ထားတဲ့ပိုစ့်တစ်ခု၊ အတိအကျဆို Chan ရဲ့ relationship ပိုစ့်၊ သူမမပြောခဲ့ဘူးလား Chan နဲ့ သူမက ချစ်သူတွေမဟုတ်ဘူးဆိုတဲ့အကြောင်း။