[ 01 ]

599 40 1
                                    

" ရိပေါ်က စီနီယာ ရှောင်းကျန့်နဲ့ လည်း ခင်တာလား "

" အင်း .. "

သူ့ ဖုန်းပေါ်က wechat notification ကို လှမ်းတွေ့လိုက်သည့် ရိကျိုး၏ အမှတ်တမဲ့ ပြောစကားက ရိပေါ်နားထဲ ကျယ်လောင်စူးရှစွာ ဝင်လာသည်။ တက္ကသိုလ်တုန်းက စီနီယာ၊ ထို့အပြင် ယောင်္ကျားလေး အချင်းချင်းမို့ အဆက်သွယ် ရှိနေသေးသည်မှာ အဆန်းတော့မဟုတ်။ ရှိုးတို့ရှန့်တန့် ဖြစ်စရာလည်း မရှိ။ သို့သော် သူကသာ အလွန်အမင်း စိတ်မလုံမလဲ ဖြစ်လို့နေသည်။

ရိကျိုးက ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း ထွက်သွားသော်လည်း ရိပေါ်ရင်ထဲ မီးခဲကြီးမျိုထားရသလို ပူလောင် မွန်းကြပ်လာသည်။ " ရှောင်းကျန့် " ဆိုသည့် အမည်နာမလေး တစ်ခုထဲနဲ့တင် သူ သွက်သွက်ခါအောင် ရူးသွားဖို့ လုံလောက်နေပြီ ဖြစ်သည်။ အထပ်ထပ်အခါခါ နာကျင်ပြီးသည့်တိုင် အမှတ်မရှိဘဲ ပိုးဖလံလေးလို မီးထဲတိုးဝင် ချင်နေပြန်သည်။

" ရိပေါ် ... ကိုယ်ဒီမှာ "

နာမည် မသိသည့်အပြင် မည်သည့်အမျိုးအစားဟု ခေါင်းစဉ် တပ်ရမည်လည်း မသိသော သီချင်း ခပ်အေးအေး တစ်ပုဒ်က bar ထဲ ပျံ့လွှင့်နေသည်။ ဒီလိုနေရာ .. ဒီလိုသီချင်းတွေက ရှောင်းကျန့်ရဲ့ ဘဝနေထိုင်မှု ပုံစံဟာ ရိပေါ်နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရအောင် အကွာကြီး ကွာနေကြောင်းကို ထပ်လောင်း သတိပေးနေသယောင်။

ရှောင်းကျန့်ဆီ ဦးတည်လို့ လျောက်နေရင်းပင် သူ့ရင်ထဲ တဆစ်ဆစ် နာလာသည်။ အမြဲတမ်း " ဒီတစ်ခါ နောက်ဆုံး " လို့ စိတ်ပိုင်းဖြတ်ပြီး တကယ်တမ်း မပြတ်နိုင်သူက ဝမ်ရိပေါ်ပဲ ဖြစ်ရပြန်သည်။ ပြောစကား နားမထောင်တဲ့ ဒီခြေထောက်တွေကို ကျေမွနေအောင်သာ ရိုက်ချိုးပစ်ချင်တော့သည်။

" နောက်ကျမယ် ထင်နေတာ။ အလုပ် စောပြီးလို့ ထင်တယ် "

အညိုရောင် နှုတ်ခမ်းတွေကို ကွေးတယ်ဆိုရုံ ပြုံးပြလို့ ရှောင်းကျန့်က သူ့ကို ကြိုဆိုသည်။ သူ့ရင်ထဲ မီတာပေါင်းများစွာ ပြေးလာရတဲ့ အပြေးသမားလို မောဟိုက်လို့နေသည်။ 

" အရင်သောက်ပါဦး။ အမောပြေသွားအောင် "

ရှောင်းကျန့် ကမ်းပေးသည့် mojito တစ်ခွက်ကို အယောင်ယောင် အနနနှင့် ယူပြီး တစ်ငုံသောက်လိုက်သည်။ ကြိုက်သည်ဟု မဆိုသာသော်လည်း နာမည် ဆန်းဆန်း၊ အရောင်လှလှနှင့် ကော့တေးများက သူနှင့် လုံးဝ အပ်စပ်မနေ။ သူ့ဘာသာဆိုလျှင် အလကားရတောင် သောက်မည်မဟုတ်။

𝐁𝐚𝐜𝐤𝐭𝐫𝐚𝐜𝐤 Where stories live. Discover now