[ 02 ]

325 27 3
                                    

ရိပေါ်က အေးတာမှ ရေခဲကပင် အဖေခေါ်ရမည့် ခပ်အေးအေး ခပ်ကုပ်ကုပ် ကျောင်းသားလေး ဖြစ်သည်။ လူအေးလေးဖြစ်သည့်အလျောက် ပွဲလမ်းသဘင်များနှင့်လည်း ဘယ်တုန်းကမျှ မရင်းနှီးခဲ့။ အချစ်ဆုံး ပရော်ဖက်ဆာဖြစ်သည့် ဆရာကျန်းကြောင့်သာ မဟုတ်ပါက သူဒီလို ရောင်စုံမီးတွေနှင့် ဆူညံပွက်လောရိုက်နေသည့် လူအုပ်ကြီးကြားထဲ ရောက်နေမည် မဟုတ်။ ဒီလိုအခါမျိုးကျ အားနာတတ်တာဟာ သိပ်ကိုဆိုးတဲ့ အကျင့်ဖြစ်ကြောင်း သူလက်မခံချင်လည်း လက်ခံလိုက်ရသည်။

" ဟေး လာပါဦး "

အသံလာရာက သူ့အနောက်ဘက်မှ ဖြစ်သည်။ smoking area မှာ သူနှင့် ထိုလူနှစ်ယောက်တည်း ရှိနေသည်မို့ လူမှားခေါ်တာတော့ မဟုတ်တန်ရာ။

" လောင်ကျန်း သားလေး။ မင်းကို ခေါ်နေတာ "

" လောင်ကျန်း သားလေး " ဆိုသည့် နာမည်ပြောင်ကြောင့် သူဆတ်ခနဲ လှည့်ကြည့်မိလိုက်သည်။ Faculty တစ်ခုလုံးမှာ မသိသူ မရှိသည့် သူ့ရဲ့ ဘွဲ့ထူးဂုဏ်ထူးလေးမို့ သေချာပေါက် သူ့ကိုရည်ရွယ်တာဖြစ်သည်။

" ခင်ဗျာ "

" ရော့ .. "

ထိုသူက ရိပေါ်ကို ပြုံးပြလို့ ဆေးလိပ်တစ်လိပ် ကမ်းပေးသည်။ ရိပေါ် ဆေးလိပ် မသောက်တတ်ပါ။ ဘယ်လိုသောက်ရမှန်း မသိတာမျိုး မဟုတ်ဘဲ သောက်လေ့သောက်ထ မရှိတာ ဖြစ်သည်။ သူ့ရောဂါ အခံကြောင့်ရော ဆေးလိပ်အနံ့စွဲနေတာကို သဘောမကျတာကြောင့်ရော သူ အကျင့်မလုပ်မိခဲ့ခြင်းဖြစ်သည်။

ဆေးလိပ်မှ မဟုတ်။ ရိပေါ်က ဘယ်အရာကိုမှ မရှိမဖြစ်လိုအပ်နေသည့် အကျင့်မျိုး မရှိပါ။ ဥပမာ) စာကြည့်နေရင်း မအိပ်ချင်အောင် energy drink သောက်တာမျိုး။ မနက်မိုးလင်းတိုင်း ကော်ဖီသောက်တာမျိူး အစရှိသဖြင့်။

သူ့ဘဝထဲက တစ်ခုတည်းသော မရှိမဖြစ်လိုအပ်နေသည့် အကျင့်ဆိုးလေးကို ပြပါဆိုလျှင် ဝမ်ရိပေါ်က သေချာပေါက် ရှောင်းကျန့်ကိုသာ လက်ညှိုးထိုးပြရလိမ့်မည် ဖြစ်သည်။ သူ့ဘဝတွင် ရှိခဲ့ဖူးသော အကျင့်ဆိုး အဖြာဖြာတို့၏ မြစ်ဖျားတည်ရာမှာလည်း ရှောင်းကျန့်ပင် ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 02, 2022 ⏰

Add this story to your Library to get notified about new parts!

𝐁𝐚𝐜𝐤𝐭𝐫𝐚𝐜𝐤 Where stories live. Discover now