(၁) ဘာလို့တံခါးခေါက်ပြီးဝင်မလာတာလဲ။

105 2 1
                                    

Unicode Font

"မောင်က ငါးကြော် သိပ်ကြိုက်တာလေ"

မနက်၈နာရီ။
ကျယ်ဝန်းခမ်းနားလှသော မီးဖိုးဆောင်တွင်ပြာပြာသလဲအလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက်။ရှုပ်ပွနေသည်ဟုမည်ပေမဲ့ အနည်းငယ်ရှုပ်ထွေးဟန်ရှိသောစားပွဲပေါ်ရှိတန်ဆာပလာများအလယ်အပြုံးမပျက်ကာအာရုံစူးစိုက်မှုအပြည့်ဖြင့် တတ်ကျွမ်းမှုပြသနေပေသည်။

ကျွန်တော့်ဘဝမှာ အပျော်ဆုံးအလုပ်ကဘာလဲမေးရင်မောင်စားဖို့ပြင်ဆင်ပေးရတဲ့အချိန်လို့ဖြေမိမယ်ထင်တယ်။သူ့အတွက်ရည်စူးပြီးလုပ်နေရမဲ့အရာမှန်သမျှအရာတိုင်းကိုနှစ်သက်တယ်။ပြီးဆုံးသွားရင်တော့သူ့ငြင်းဆိုမှုတွေနဲ့အတူ ဝမ်းနည်းမှုတစ်စုံနေသားကျပြန်ရော။ဘာပဲဖြစ်ဖြစ် အခုအခိုက်အတန့်လေးကိုပဲသဘောကျတယ်။တစ်ခါတစ်လေဒီအခိုက်အတန့်လေးမှာပဲရပ်နေချင်မိပြီး သူ့ငြင်းဆိုမှုတွေအစားသူ့အပြုံးတွေကိုစိတ်ကူးယဉ်ပုံဖော်မိတယ်။မောင်ကကျွန်တော့်အတွက်နေရောင်ခြည်တစ်ဖန်မုန်တိုင်းတစ်ဖန်သဘောဆောင်တယ်။သာယာတဲ့နေ့တွေပြီးဆုံးသွားတဲ့အခါမုန်းတိုင်းတွေရောက်ရှိလာလည်းအတင်းကုပ်တွယ်ပြီးနေရောင်ခြည်ကိုစောင့်မျှော်နေမဲ့နေကြာပန်းတစ်ပွင့်အဖြစ်ကျွန်တော်တည်ရှိမယ်။ဖော်ပြလို့မရပေမဲ့မောင်ကကျွန်တော့်အတွက်ထိုကဲ့သို့ဖြစ်တည်မှုမျိုး။

"မောင့်အတွက် ထမင်းသွားပို့လိုက်ဦးမယ်"

ခွင့်ပြုချက်မမည်သောတာဝန်အရထိုစကားကိုတည်ငြိမ်စွာဆိုလိုက်သော်လည်းပြန်ဖြေသံတစ်စုံတစ်ရာမရှိ။အိမ်ရှေ့၌ဆီးကြိုနေသောကားဆီကိုသာဦးတည်လာခဲ့သည်။အရံသင့်ဖွင့်ပေးထားသော ကားမောင်းသူနေရာတွင်နေရာယူပြီးလိုရာခရီးသို့အမြန်မောင်းနှင်လာခဲ့သည်။
ကားမောင်းရင်းမောင့်ရဲ့အကြောင်းတွေးမိသေးတယ်။သူဒီအချိန် လူနာတွေကြားမှာအပြုံးလှလှလေးတွေဆင်မြန်းပြီးစကားပြောနေမည်လား။နားချိန်မရှိအောင်အလုပ်လုပ်ရလည်းမောင်ကတော့ပင်ပန်းမည်မထင်။မောင့်ဆီက ပင်ပန်းတယ်ဟူသော အသုံးအနှုန်းသည်ကျွန်တော့်ကြောင့်သာလျှင်ထွက်ဆိုရပါသည်တဲ့။ကျွန်တော်ကပဲသူ့ကို ပင်ပန်းစေတယ်တဲ့လေ။ကျွန်တော်ကတော့မောင့်အပေါ်ထိုကဲ့သို့ဖြစ်တည်မှုမျိုး။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၏Where stories live. Discover now