(၂) ကျွန်တော်နဲ့တွဲရအောင်နော်

68 1 0
                                    

Unicode

"မောင်...ငါတောင်းပန်..."

"ဘယ်လိုတွေဖြစ်ကြတာလဲ!"

"ငါကမောင့်သူငယ်ချင်းမှန်းမသိလို့ လုပ်မိသွားတာပါ"

"ခင်ဗျားကိုဘယ်သူက လာခိုင်းလဲ"

အခုကမောင်သည်ကျွန်တော့်ကိုအော်သည်။တဆိတ်လောက် မောင်သည်ယခုဘယ်ကမှန်းမသိသူ့သူငယ်ချင်းဆိုသူကိုကျ အိမ်ပေါ်ခေါ်တင်ထားသည်ကိုအသိမပေးဘဲဆင်ခြေတောင်မပေးတော့ချေ။

"ငါသူ့ကိုဆေးထည့်ပေးလိုက်ပါ့မယ်"

"မလိုဘူး ၊ ခင်ဗျားဘာသာအရင်ဆေးထည့်"

အမိန့်တစ်ခုနှင့်အတူဖြင့်ငြင်းဆန်သည်။သွေးအနည်းစို့နေသောကိုယ့်နဖူးကိုယ်ကိုင်ကြည့်မိတော့မှနာကျင်မှုဟာသိသာလာတော့သည်။မောင်ဟာ တစ်ခါတစ်လေကျွန်တော့်ကိုထိုသွယ်ဝိုက်သောနည်းများဖြင့် စိတ်ပူပေးတတ်သေး၏။

မောင်နဲ့မောင့်သူငယ်ချင်းဆိုသူသည်ဧည့်ခန်းထဲတွင်စကားအဆက်မပြတ်ပြောနေသည်။သူတို့နားသို့ဝင်ထိုင်ဖို့စိတ်ကူးလျှင်မောင့်အရိပ်အကဲကိုကြည့်ရသေး၏။ကျွန်တော်ထမင်းစားခန်းတွင်သာထိုင်၍အချိန်ဖြုန်းနေမိသည်။မောင်ပြောပြချက်အရ ထိုသူသည် မောင်ရဲ့သူငယ်ချင်း။နိုင်ငံခြားမှအခုပြန်ရောက်၍မောင့်အခန်းတွင်သာနေစေခိုင်းပြီးသူ့အတွက်အိမ်နေရာအတည်တကျကိုရှာနေဆဲဖြစ်ကြောင်းနှင့်မောင်နဲ့အလွန်ရင်းနှီးမှန်းသိလိုက်ရသည်။မောင်နဲ့အတူရှိခဲ့တဲ့ကာလတွေမှာထိုသူ့ကိုကျွန်တော်မသိခဲ့သည်မှာအံ့ဩမိသည်လေ။မောင်နဲ့ပတ်သက်သည့်လူတွေကစလို့ မောင့်အကြောင်းတွေအကုန်သိပြီမှတ်တာတကယ်ပဲမောင့်ဆီမှာတခြားကျွန်တော်မသိသေးသည့်အကြောင်းအရာတွေများကျန်နေဦးမည်လား။

"ပြန်တော့လေ"

အခုမောင်ကသိပ်ကြည့်ကောင်းနေသည်။ရေချိုးပြီးခါစအရရလေ့ရှိသော ဆံပြာအနံ့သင်းသင်းလေးနှင့်အတူမောင့်ကိုယ်သင်းရနံ့လေး။ဂျင်းဘောင်းဘီနှင့်တွဲဝတ်ထားသောအင်္ကျီမိုးပြာရောင်တီရှပ်လက်ရှည်ကိုတံတောင်ဆစ်အထိခေါက်တင်ထားပြီးဘာမှမဝတ်ထားသော်လည်းထင်းလွန်းလှသောလက်ကောက်ဝတ်တစ်စုံ။ဆီဖြင့်တစ်ခြမ်းကိုဖြီးသင်ထားသောကြောင့်တစ်ဖက်တွင်ပေါ်လွန်းနေသာနဖူး။

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

မောင်ရှိရာအရပ်သို့ မျက်နှာမူ၏Where stories live. Discover now