" My Boyfriend Is Mafira Boss "
Part (1)
" ရှောင်းကျန့် မနက်ဖြန်ပိတ်ရက်ဆိုတော့ မင်းဘယ်သွားမှာလဲ "
" မသိသေးဘူး အိမ်မှာပဲထင်တယ် ပါပါးက ငါ့ကိုအပြင်သိပ်မထွက်ခိုင်းဘူးလေ "
" ဒါဆို မင်းသွားချင်တဲ့နေရာ မရှိဘူးလား "
" ငါက ကစားကွင်းပဲသွားချင်တာ "
" ဒါဆို မနက်ဖြန် မင်းကိုငါလိုက်ပို့ပေးမယ်လေ "
" ပါပါးက ငါ့ကိုလွတ်မှာမဟုတ်ဘူး "
" ဒီလိုလုပ်ပါလား ကျောင်းဆင်းရင် ငါမင်းအိမ်လိုက်ပြီး မင်းပါပါးကို ကူပြောပေးမယ်လေ ဘယ်လိုလဲ "
" အာ့လိုလဲရတယ်လေ ပါပါးကသူမပါရင် ဘယ်မှပေးမသွားဖူးဘူး "
ပြောရင်းနဲ့ အသံသိမ်ဝင်သွားတဲ့ကောင်လေးကိုကြည့်ရင်း ဝမ်ရိပေါ် အသည်းယားနေမိသည်။ အခုလိုမျိုး ရှောင်သခင်ကြီးက ရှောင်းကျန့်ကိုအပြင်ပေးမထွက်တော့ စာကလွဲရင် ပြင်ပဗဟုသုတ မရှိတဲ့ကောင်လေးကို သူအပိုင်သိမ်းဖို့ပိုလွယ်သွားတာပေါ့။
" ငါပြောပေးရင် မင်းပါပါးက မင်းကိုခွင့်ပြုပေးမှာ သေချာတယ် "
" အင်း ရအောင်ပြောပေးနော် ရိပေါ် ငါကစားကွင်းမသွားရတာကြာပြီ "
" စိတ်ချလိုက် ငါသေချာပေါက်ရအောင်ပြောပေးမယ် "
" မင်းကအကောင်းဆုံးပဲ "
" မြန်မြန်စား ဆရာမဝင်လာတော့မယ် "
"အင်း မင်းလဲမြန်မြန်စား "
ဝမ်ရိပေါ် အလယ်တန်းနောက်ဆုံးနှစ်က ရှောင်းကျန့်တို့ကျောင်းကိုနော်😘😘င်းလာခဲ့တာ အစကတော့ ရှောင်းကျန့်ကိုသူမမြင်ခဲ့ဘူး။
တစ်နေ့ကျောင်းဆင်းလို့ အိမ်ပြန်နေတုန်းရှောင်းကျန့်ကပြေးတော့ သူ့ကိုတိုက်မိတာ။ သူ့အသားကိုထိတဲ့သူဆိုရင် သူအရမ်းမုန်းတာ။ သူအော်မလို့ပဲရှိသေးတယ်။အသံသေးသေးလေးနဲ့ သူ့ကိုတောင်းပန်လာတဲ့ ကောင်လေးကြောင့် သူတစ်ချက်ငြိမ်သွားလို့ ခေါင်းမော့ရင်း သူ့ကိုတောင်းပန်စကားထပ်ဆိုလာတဲ့ကောင်လေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ။ မိန်းကလေးထက် နူးညံ့လွန်းတဲ့အသားအရည်၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ကိုတောင်ပန်လာတဲ့ထိုကောင်လေး...........
YOU ARE READING
" My Boyfriend Is Mafira Boss "
Non-Fiction" My Boyfriend Is Mafira Boss " Wang Yibo - အသက်..........17 -အရပ်...................183cm -အလုပ်အကိုင်..........ကျောင်းသား (မာဖီးယားခေါင်းဆောင်) -အချစ်ရေး.........ချစ်သူမရှိ (ချစ်ကြိုက်နေသော သူမရှိ) -ဝမ်အိမ်တော် ( Top 1 ) Xiao Xiao Zhan -အသက်...