Part (3)

157 15 5
                                    

" ပါပါး "

" ဟ့ ဒီနေ့မှထူးထူးဆန်းဆန်း ပါးကိုဆင်းကြိုနေပါလား "

" ပါပါးကလဲ သားလာကြိုတာကိုမကြိုက်ဘူးပေါ့ "

" မကြိုက်စရာလား အမြဲတမ်းတောင်လာကြိုစေချင်တာဗျာ "

" ပါးရဲ့အိတ် ကျွန်တော့ကိုပေး "

" နေပါစေ သခင်လေး ကျွန်တော်ပဲယူသွားလိုက်ပါ့မယ် "

" ပါး သားကပါပါးကိုလွမ်းနေတာ "

ရှောင်းကျန့် ရှောင်လင်ကျိုး(ရှောင်သခင်ကြီး) လက်ကိုဖက်ရင်း ခပ်ချွဲချွဲလေးဆိုလိုက်ရင်း သူ့ယုန်သွားလေးတွေပေါ်တဲ့အထိ ရီပြလိုက်သည်။

* ဒီကလေး ဘာလိုချင်နေပြန်ပြီလဲမသိဘူး ဘယ်လိုနေနေချစ်ဖို့ကောင်းတာ ငါ့သားပဲရှိတယ် *

" ကဲ ဘာလိုချင်လို့ အာ့လောက်ထိချွဲနေရတာလဲ ကလေးစုတ် "

ရှောင်သခင်ကြီး မိမိသားရဲ့နှာခေါင်းလေးကို အသာညစ်ရင်း မေးလိုက်တော့မှ စပ်ဖြီးဖြီးနှင့်ဖြေလာသည်။

" ပါပါးကလဲ သားကတကယ်လွမ်းနေတာပါဆို ပါပါးနဲ့မတွေ့ရတာ မနက်ကတည်းလေ၊ ပါပါးက သားကိုမလွမ်းဘူးပေါ့ "

" ဟောဗျာ ပါပါးက ဒီသားလေးတစ်ယောက်ထဲရှိတာကို မလွမ်းပဲနေမလား လွမ်းတာပေါ့ "

ကိုယ့်ကိုချွဲရင်းနဲ့ စိတ်ကောက်ချင်နေတဲ့ သားလေးကြောင့် အမြန်ချော့နေရသည်။ မဟုတ်ရင် တစ်ညလုံးစိတ်ကောက်နေတော့မှာလေ။ တက္ကသိုလ်ဖြင့်ရောက်နေပြီ.......အခုထိ ကလေးစိတ်မပျောက်သေးဘူး။ အာ့တာကြောင့်လဲ စိတ်ပူနေရတာ။ သားလေးက ပတ်ဝန်းကျင်ဗဟုသုတ ရှိတာမဟုတ်ဘူး။ လူတိုင်းကို သူ့လိုမျိုးပဲမှတ်နေတာ.....လူတွေဘယ်လောက်ကောက်ကျစ်တတ်လဲဆိုတာ မသိဘူး။ ဖြူစင်လွန်းတဲ့ သူ့သားကို ဘယ်သူနှောက်ယှက်မလဲ?....ဖျက်စီးမလဲဆိုတာ အခုချိန်ထိ သူစိတ်ပူနေရတုန်းပဲ......။

" ပါပါးကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ မြန်မြန်လာပါဆို "

" ဟုပါပြီဗျာ "

မိတ်ဆက်ပေးမယ့်သူကို သူသိသားပဲ။ ဝမ်အိမ်တော်က ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးပဲနေမှာပေါ့။ သားလေးကအဲ့ကောင်လေးကို ဘယ်လောက်ခင်တွယ်နေမှန်း သူသိပြီးသားပါပဲ။ သားလေးကို ကျောင်းမှာတစ်ယောက်ထဲ လွတ်ထားတယ်လို့ ထင်ရင် မှားသွားမှာပေါ့။

You've reached the end of published parts.

⏰ Last updated: Dec 11, 2021 ⏰

Add this story to your Library to get notified about new parts!

" My Boyfriend Is Mafira Boss "Where stories live. Discover now