Talking with Nori.

972 38 0
                                    

" နိုရီ... ဒီနေ့လေ.... ငါနောက်ထပ် ထပ်ပြီး ထွက်ပြေးလာခဲ့မိပြန်ပြီ။ ငါချစ်တဲ့လူတွေဆီကနေလေ....

ငါ သိပါတယ်။ ငါထွက်မပြေးခဲ့ဘူးဆိုရင်လည်း တစ်နေ့ကျ ငါထားခဲ့ခံရမှာပဲလေ။ ဘယ်နေ့လဲဆိုတာမသိပေမယ့်.... တစ်နေ့နေ့မှာ ငါတကယ် ထားခဲ့ခံရမှာ။

ငါက အဲ့ဒီလိုမျိုးပဲလေ။ ငါ့အနားမှာ ဘယ်သူမှ အကြာကြီး မရှိချင်ကြဘူး။ ငါက ချစ်ဖို့ကောင်းပေမယ့် ချစ်လို့မကောင်းဘူးတဲ့လေ။ ငါကလည်း ဘယ်လိုလုပ်မှ အချစ်ခံရမယ်ဆိုတာကို မသိတော့ပါဘူး။

နိုရီ။ ငါပြောပြချင်နေတာတွေကို နင်နားလည်တယ်မလား။ ငါသိပါတယ်။ နင်နားလည်မှာ။

နင်နဲ့ငါက တူတယ်လို့ မထင်ဘူးလား နိုရီ။ ငါတို့က ထားခဲ့ခံရမှာစိုးလို့ အရင်ထွက်လာခဲ့ကြတဲ့သူတွေလေ။

နင်ရော ငါရောက စိတ်ပျက်စရာပဲ။ သိလား... နိုရီ "

သူမ ရူးကြောင်ကြောင်နဲ့ ပြောနေသမျှကို သူမအိပ်ယာပေါ်က အဖြူနဲ့အဝါရောင် စပ်ကြားကြောင်ကလေးက ငြိမ်သက်စွာပဲ ကြည့်နေခဲ့ပါသည်။ လူစကားကို နားလည်နေသလိုမျိုး... သူမပြောပြနေတာတွေကို နားလည်နေသလိုမျိုး ကြည့်နေခဲ့တာ ဖြစ်ပါသည်။

" နင်.... နားထောင်နေတယ်မလား။ နောက်ပြီး နင်တွေးနေမှာ။ ဒီဟူးမန်း (human)တော့ အူကြောင်ကြောင်တွေ ပြောနေတယ်။ ဘယ်နေရာမှာ ဟူးမန်းနဲ့ မြောင်နဲ့ တူလို့တုန်းဆိုပြီးလေ... ဟုတ်တယ်မလား နိုရီ "

ကြောင်ကလေးက အမြီးကို ဘယ်ညာရမ်းလျက် သူမကို ငြိမ်သက်စွာပဲ ကြည့်နေဆဲ ဖြစ်ပါသည်။

" ငါက လူကဲခတ်တဲ့နေရာမှာ အမြဲညံ့တယ်။ ဒါပေမယ့် ကြောင်တွေ ဘာတွေးနေသလဲဆိုတာကိုတော့ ခန့်မှန်းတတ်တယ်။ တကယ်ဆို ငါက ကြောင်တစ်ကောင်အဖြစ် မွေးလာသင့်တယ်။ ဟုတ်တယ်မလား နိုရီ "

မျက်လုံး စိမ်းဝါဝါတွေနဲ့ သူမကို ငြီးငွေ့စွာကြည့်နေသော နိုရီ့ကို သူမပွေ့က ဗိုက်ပေါ်တင်လိုက်သည်။

" လူတွေက ငါ့ကို ကြောင်နဲ့တူတယ်တဲ့။ အမြဲ မာနကြီးနေတတ်တယ်။ ဘယ်သူနဲ့မှ မရောထွေးတတ်ဘူး။ ငါ့အတွက် မကောင်းဘူးထင်တဲ့နေရာဆို အမြန်စွန့်ခွာတတ်တယ်။ နောက်ပြီး ငါကပဲ အရင်စပြီး လူတွေကို ထားပစ်ခဲ့တယ်တဲ့။ ငါက ကြောင်လိုလူတဲ့... သူတို့က ငါ့အကြောင်းကို အဲ့လောက်ပဲ သိကြတာ။ အဲ့လောက်ပဲ မြင်ကြတာ။ တကယ်က အဲ့ဒါအကုန် မဟုတ်ဘူးလေ.... နင်သိတယ်မလား နိုရီ "

To the cat's worldDonde viven las historias. Descúbrelo ahora