ချည်မျှင်ကြိုးလေး [KM]

397 16 0
                                    

ချည်မျှင်ကြိုးလေး...... ။

ပြတ်တောက်တဲ့ကြိုးတွေကပြန်ဆက်လို့မရဘူး....ရခဲ့ရင်လည်းအထုံးဆိုတဲ့အရာနဲ့အဖုအထစ်ပဲမို့ပြတ်တောက်ရင်လွှတ်ချတာအကောင်းဆုံးအချစ်ဆိုတာချည်မျှင်ကြိုးလိုပဲ....ခပ်မျှင်မျှင်ချည်ကြိုးတွေကတင်းနေအောင်ဆွဲရင်ပြတ်သွားရောလေ....အချစ်တွေမှာနှစ်ဖက်လွန်ဆွဲနေမယ်ဆိုရင်ချည်မျှည်ကြိုးလေးလိုပဲပြတ်တောက်သွားမယ်ဆိုကာမလွဲသေချာ...||

^^^^^^^^^^^

"မောင်....ဟျောင်းမအားလို့မလာနိုင်တော့ဘူးတောင်းပန်ပါတယ်နော်..."

"အင်း...."

အင်း တစ်လုံးသာဖြေသောဂျောင်ကုသည်သူ့အားစိတ်ဆိုးနေမှန်းဂျီမင်သိပါသည်..။သို့သော်ဘယ်လိုလုပ်ရမလဲ...အိမ်ကအကိုဖြစ်သူကင်မ်ထယ်ယောင်းသည်ယနေ့စေ့စပ်သည်မို့သူတို့မိသားစုနဲ့နဲ့သူ့ရဲ့အိမ်ထောင်ဖက်ဟိုဆော့ဟျောင်းတို့မိသားစုထမင်းလက်စုံစားကြဖို့ဆိုင်တစ်ဆိုင်ကိုချိန်းထားကြသည်မို့ဂျောင်ကုမွေးနေ့ကိုမသွားဖြစ်...အချိန်ကလည်းကိုက်နေသည်ကိုး...။

"စားနော်သား...အမတို့လည်းထည့်စားနော်..ဒီဆိုင်ကသိပ်ကောင်းတာ...ထယ်ဟျောင်းရွေးချယ်ထားတဲ့စားဖိုမှူးတွေကြီးပဲမို့လိုလည်းပါမှာပေါ့...."

"ဟုတ်တာပေါ့ရှင်..ကျွန်မတို့ရွှေသမက်လေးကထက်မြတ်တဲ့သူဆိုတော့ဒီလိုဆိုင်ကြီးကိုဦးစီးဦးဆောင် ပြုနိုင်တာပေါ့"

လူကြီးတွေသည်စားရင်းသောက်ရင်းစကားစမြည်ပြောကြပြီးဘယ်နေ့မဂ်လာဆောင်ဖို့အကြောင်း၊ဘယ်မှာဆောင်ပေးမဲ့အကြောင်းတွေကအစပြောနေကြသည်....သူကတော့ဘာမှစိတ်မဝင်စား..ဖေဖေကသာ သားငယ်ပါလိုက်ခဲ့ ဟုပြောသောကြောင့်လိုက်လာရပေမဲ့သူကတော့စိတ်ဆိုးနေမဲ့မောင့်ဆီသာစိတ်ရောက်နေခဲ့သည်...။

"ဒီကသားငယ်ကရောဘာအလုပ်လုပ်တွေလုပ်နေပြီလဲကွဲ့"

"ဟိုကျွန်တော်က...တက္ကသိုလ်နောက်ဆုံးနှစ်ပါအန်တီ....ပြီးသွားရင်တော့ဖေဖေ့ကုမ္ပဏီမှာပဲအလုပ်ဝင်ပြီးအဖေ့အလုပ်တွေကူမှာပါ"

ONE SHORTS [Collection]Where stories live. Discover now