နေရောင်ခြည်အလင်းတန်း

248 23 0
                                    

နေရောင်ခြည်အလင်းတန်း

ဟိုဆော့????
အာ...ဟိုဆော့ဆိုတာအကိုတစ်ယောက်..အင်းသူ့ဘက်ကကြည့်ရင်တော့အကိုဆိုပေမဲ့ကိုယ့်ဘက်ကတော့ချစ်နေမိတာပေါ့

ကိုယ်ကဂိုဏ်းစတားတစ်ယောက်...တစ်နည်းဆိုရင်လူဆိုးပေါ့

အကိုဟိုဆော့ကတော့ဆရာဝန်...အထူးကုခွဲစိတ်ဆရာဝန်

အိမ်ကသူနဲ့ကိုယ့်ကိုသဘောတူထားလို့စေ့စပ်ထားပြိးပေမဲ့လည်းအကိုဟိုဆော့ကိုယ့်ကိုညီတစ်ယောက်ထက်မပိုခဲ့..ပြီးတော့ရိုင်းစိုင်းလို့တဲ့

မဖြစ်သင့်တာ...လူတစ်ယောက်ဆီမှာချွင်းချက်တစ်ခုဆီရှိစမြဲပဲဟာ
ဆိုးသွမ်းနေတော့ရောဘာဖြစ်လဲ?

လူသတ်တယ် ဆေးအရောင်းအဝယ်လုပ်တယ်...လက်နက်တွေရောင်းဝယ်ဖောက်ကားတယ် ဒါကလည်းလူဆိုးတွေလုပ်နေကြပဲဟာ ပြီးတော့ဒါတွေအတွက်လည်းရဲကဖမ်းတာမဟုတ်ဘူး

သိတယ်မလားတစ်ချို့သောရဲတွေဟာလာဘ်စားတယ်လေ အရာရှိတော်တော်များများရဲ့ပါးစပ်ပေါက်ကိုပိတ်ပြီးအမှားကိုမြင်လျက်မသိချင်ယောင်ဆောင်နိုင်အောင်မြင်လျက်ကန်းနေတာမျိုးဖြစ်နေအောင်ငွေကစွမ်းဆောင်ပေးနိုင်တယ်လေ

ဒါကိုအကိုဟိုဆော့ကလူဆိုးစရိုက်ပဲသွင်းနေလို့တဲ့ လက်ထပ်ခံနီးကျအဝေးထွက်သွားပေးပါငါနဲ့လက်မထပ်ပါနဲ့ဆိုပြီးလာလာတောင်းပန်တာအပတ်တိုင်း။

ဆေးလည်းအပတ်တိုင်းစစ်ပေးနေကျ...ဒိလိုနေ့တော့မလာတတ်ပါ။
ဒါပေမဲ့ဆိုင်းမဆင့်ဘုံမဆင့်ဒီနေ့ရောက်လာမယ်တဲ့လေ ဒီနေ့ကဂိုဏ်းကိုသစ္စာဖောက်တဲ့လူကိုရှင်းရမှာ
သူမလာခင်လက်စလေးသတ်ကြတာပေါ့။

ဒိုင်း!!!!!!

ပစ်ခတ်မှုရဲ့အဆုံးသေနတ်ကိုပါစင်လာတဲ့သွေးစက်တွေကိုလက်ကိုင်ပဝါနဲ့သုတ်လျက်ထိုလက်ကိုင်ပဝါအားအသက်မရှိတော့တဲ့သူရဲ့မျက်နှာထက်ဝယ်ပစ်ပေါက်ပြီး...

"သူ့ကိုလက်စဖျောက်လိုက်တော့". ...သူ့ရဲ့သြဇာငြိမ့်ညောင်းလှတဲ့ခပ်သြောသြောအသံတစ်ခု...ဒါဟာလည်းရူပဒါနပိုင်ဆိုင်ခြင်းပါပဲ

You've reached the end of published parts.

⏰ Last updated: Sep 12, 2021 ⏰

Add this story to your Library to get notified about new parts!

ONE SHORTS [Collection]Where stories live. Discover now