Firstly...... //
အချစ်ဦးဆိုတာထပ် ပထမဆုံးချစ်ရသူ မောင်။
တစ်ထောင့်ကိုးရာကိုးဆယ် (၁၉၉၀)
"ဘွားမေ သမီးအဘိုးစာကြည့်ခန်းထဲဝင်ပြီးသန့်ရှင်းရေးလုပ်ပေးချင်လို့"
"ဟုတ်ပြီ မြေးလေး "
မြေးမလေးသည်ဆယ့်ရှစ်နှစ်အရွယ်။ မြေးလိမ္မာလေးဖြစ်နေချေပြီ။ အကိုရှိသေးတဲ့အခါပြချင်မိသည်။အကို့မြေးဟာလိမ္မာသူလေးပါလို့။
အဘိုးမရှိတော့တဲ့အခါ ပစ်ထားပါသောအခန်းလေးအားသူရှင်းလင်းရင်း စာအုပ်စင်ကိုလည်းဖုန်ခါနေသည်။ အမှုန်တွေနှာခေါင်းထဲဝင်တာမို့ နှာချေရင်းလက်ကယောင်ရမ်းကာစာအုပ်တစ်အုပ်ကိုတိုက်ချသလိုဖြစ်ပြီး ပြုတ်ကျသွားသည်။
စာအုပ်ရဲ့အဖုံးဟာ တော်ဝင်မျိုးနွယ်အဝင်စာအုပ်လေးလိုမို့ စိတ်ဝင်တစားဖွင့်ကြည့်လိုက်တော့ ကောင်လေးနှစ်ယောက်ပခုံးချင်းဖက်ထားသောပုံ ကောင်လေးတစ်ယောက်ဟာသူ့အဘိုးနဲ့ရုပ်ချင်းဆင်နေသည်။
ပုံကပ်ထားတဲ့အောက်ရေးထားသည်က မောင့်အကြောင်းတွေနဲ့ပြည့်နေမဲ့စာအုပ်လေးတဲ့။
စိတ်ဝင်စားသည်မို့ ထိုင်ခုံတစ်ခုံယူကာ စာအုပ်ရဲ့စာမျက်နှာတစ်ဆီ နေရာယူကာဖတ်လိုက်သည်။
တစ်ထောင်ခြောက်ရာ့ခုနစ်ဆယ်(၁၆၇၀)
မောင်.... ငါတို့စဆုံပုံကထူးဆန်းတယ်နော်။ ဇာတ်လမ်းတွေထဲကလို မင်းကငါ့ကိုဝင်တိုက်သည်တဲ့။ လက်မှာကိုင်ထားတဲ့စာအုပ်လေးတွေပြုတ်ကျတော့မင်းက တောင်းပန်စကားဆိုပြီးကောက်ပေးတော့တာပဲ။
["အ့!"
"တောင်းပန်ပါတယ် ကျွန်တော်အလျင်လိုနေလို့"
"ရပါတယ် "
"ကျွန်တော်ကူကောက်ပေးမယ်နော်"
သူသည် စာအုပ်တွေအားကောက်ပေးကာကျွန်တော့်လက်ထဲအသေအချာထည့်ပေးလာသည်။
"ကျေးဇူးပါ "
"ဟုတ်ကဲ့"
ကောင်လေးဟာအလျင်လိုစွာ တက္ကသိုလ်ဝန်းထဲမှထွက်သွားလေသည်။ မျက်လုံးတွေသည်သမင်မျက်လုံးတွေနဲ့တူညီစွာ သူသည်လည်းရင်တွေတလှပ်လှပ်ခုန်လို့။]
YOU ARE READING
ONE SHORTS [Collection]