Strawberry version

2.2K 187 124
                                    

[Unicode]

You and me

And

Our love story

. . .

အထက်တန်း နောက်ဆုံးနှစ်မှာ ကျွန်တော့်အချစ်ဦးကို တွေ့ရှိခဲ့တယ်။

တီ တီ တီ ...

Alarm သံရဲ့အဆုံးမှာ ချောက်ခနဲ ပိတ်လိုက်သံနှင့်အတူ မျက်စိနှစ်လုံးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း သူနိုးလာခဲ့သည်။

နေ့သစ်တစ်ခုက သူ့ကို ကြိုဆိုနေခဲ့ပြန်ပြီ။
အပြောင်းအလဲမရှိသည့် နေ့သစ်တစ်ခုကို ဖြတ်သန်းဖို့အတွက် ရေးမိုးချိုး ကျောင်းဝတ်စုံဝတ်ကာ အောက်ထပ်ဆင်းလာတော့ မနက်စာ အဆင်သင့်ပြင်ကာ စောင့်နေသာ မာမီ ~

" ဒီနေ့ရော လေ့ကျင့်ရေးဆင်းဦးမှာလား "

ခုံမှာဝင်ထိုင်လိုက်တော့ ဦးစွာမေးလာသည့် မာမီ့ရဲ့စကားကို သူက မချိပြုံးလေးပြုံးရင်းဖြင့်သာ ခေါင်းငြိမ့်လိုက်သည့်အခါ သက်ပြင်းချသံကြီးကို ကြားလိုက်ရသည်။

" ဝါသနာပါတာ လုပ်တာလည်းလုပ် ဒီလပတ်စာမေးပွဲတော့ ထပ်မကျစေနဲ့နော် ထယ်ဟျောင်း "

" ဟုတ်ကဲ့ပါ မာမီကလည်း အခုဆို လေ့ကျင့်ရေးဆင်းပြီးတာနဲ့ ကျွန်တော် အတန်းချိန် တစ်ချိန်မှ မပျက်အောင်တက်ပါတယ် "

အတန်းထဲ အိပ်နေတာတော့ မပြောမိပါချေ။ မာမီစိတ်ချမ်းသာစေဖို့က အဓိကပဲမလား။ ကျွန်တော်က သားလိမ္မာလေးပါဆို။

သူ့စကားကြောင့် ပြုံးကာ ခေါင်းတငြိမ့်ငြိမ့်နဲ့ မာမီက ထုံးစံအတိုင်းပင် ကျောင်းမှာ ဘယ်လိုနေဖို့ထိုင်ဖို့တွေကို မှာတမ်းချွေရှာတော့သည်။

ဒါဟာ ဂင်ထယ်ဟျောင်းတို့အတွက် မနက်ခင်းသံစဉ်ချိုချိုလေးလိုပင် ဖြစ်နေချေပြီ။

. . .

" ထယ်ဟျောင်း အများကြီးပို‌တော်လာတယ် မင်း ငါ့နေရာတောင် ဝင်သင်လို့ရနေပြီ "

Our Romance [ One Shot ]Où les histoires vivent. Découvrez maintenant