"ကျွန်တော်တို့ လမ်းခွဲကြရအောင်..."
"အင်း သဘောလေ"
"အာ့ဆို ဒီနေ့ကစပြီကျွန်တော်တို့မသိသလိုနေလိုက်ကြရအောင်"
"Okမင်းအဆင်ပြေရင်ပြီးတာဘဲ ငါသွားပြီ"
တစ်ယောက်နဲ့တစ်ယောက်ကျောခိုင်းကာထွက်ခွာခဲ့ကြတယ် မျက်ရည်ကျလား ဟင်းအင် ဘာအတွက်ကျရမှာလဲ လုံး၀မကျဘူး နာကျင်လား ဟင်အင်လုံး၀မနာကျင်ဘူး အာ့ဆိုမချစ်ခဲ့ကြလို့လား.... မဟုတ်ဘူး အရမ်းချစ်ခဲ့ကျတယ် အသက်ထက်ကိုပိုချစ်ခဲ့ကြတယ်။
အာ့ဆိုဘာလိုလဲ မချစ်တော့လို့လား မဟုတ်ဘူး မချစ်တော့တာလုံး၀မဟုတ်ဘူး အာ့ဆိုချစ်နေကြသေးတယ်ပေါ့ ချစ်တာပေါ့ ရူးမတတ်ဘဲ။
*အတိတ်ရဲ့ ဆောင်းတွင်းလေးဟာသိပ်ကိုလှပနေတယ်*
"ကိုကိုချမ်းတယ်..."
"လက်အိပ်ဘာလိုမ၀တ်ခဲ့တာလဲကလေးရယ်ကြည့် လက်ဖျားလေးတွေအေးလိုနီရဲနေတာဘဲ မွမွ"
လက်ချောင်းထိပ်လေးတွေဟာ နီရဲကာ ပန်းရောင်သန်းနေလျက် အဲ့လက်ချောင်းလေးများ အမြတ်တစ်နိုးနမ်းလိုက်သည် ချမ်းလွန်းလို့ ပန်းရောင်သန်းနေတဲ့ပါးပြင်လေးပိုမို နီသွားသည် အရမ်းလှတယ် seokieရယ်~~~။
လက်လေးနှစ်ဖက်ကိုပူးကြီး ကိုယ်လက်နဲ့အုပ်မိုးကာပွတ်ပေးလိုက်ပြီး ပါးစပ်ကနေအာငွေ့လေးတွေပေးနေတယ် လမ်းသွားလမ်းလာတွေကတော့သူတို့ကိုအားကျနေကြမှာဘဲ။
"ချမ်းသေးလား~~~"
"hmm~~~အေးတယ် ဒါပေမယ့် ဒီထဲကနွေးနေတယ်"
လက်လေးနဲ့သူရင်ဘက်ပေါ်ကိုပုတ်ပြတဲ့ဒီကလေးကြောင့် လူကိုရူးခါသွားစေတယ် အရမ်းချစ်တယ် seok~~။
"စကားတတ်လိုက်တာကိုယ်ကလေးလေးက ပြောပါအုန်း ဘယ်နေရာက"
"ဒီနေရာကပါဆို ဟင့်"
ထက်ပြီးသူရင်ဖက်ပေါ်လက်ညိုးလေးထိုးပြကာ နှုတ်ခမ်းလေးကအပိုဆူလိုက်သေးတယ် မင်းသိလား မင်းအဲ့လိုအရမ်းချစ်ဖို့ကောင်းနေလို့ ကိုယ်ပိုင်ဆိုင်ချင်မိတာ။
"မွမွ ချစ်လိုက်တာ"
လက်ညိုးထိုးပြတဲ့အဲ့ရင်ဘက်လေးကိုတစ်မွမွနဲ့နမ်းတော့ မနေတတ်သလိုရုန်းနေသေးတယ် ချစ်တယ်ဆိုတဲ့စကားကဘယ်တော့မှရိုးသွားမှာမဟုတ်ဘူး အခုလည်းအရမ်းချစ်တယ် နောက်လည်းချစ်နေအုန်းမယ် မချစ်တော့ဘူးဆိုရင်တောင် ငါ့ရင်ဘက်ကြီးကမင်းကိုချစ်နေမိအုန်းမှာမို့။