*သခင့်အမုန်းတရားတွေကြားမှာ ကျွန်တော်ပျော်ပျော်ကြီးရှင်သန်နေပါတယ် တစ်ခါတစ်လေနာကျင်တယ်ဒါပေမယ့်သခင်ကိုဘယ်တော့မှမမုန်းဘူး သခင်အမိန့်တစ်ခွန်းကိုတောင်မလွန်ဆန်နိုင်ဘူး လွန်ဆန်လို့လဲမရဘူးလေ သေရာပါအောင်ဆုံးမတာ ဒါပေမယ့်ချစ်တယ် သခင့်အမိန့်တစ်ခွန်းကအစဘာဘဲဖြစ်နေနေ ကျွန်တော်အမြဲနားထောင်မှာပါ ဘာလို့လဲဆိုတာ ကျွန်တော်ဟာ သခင်စေခိုင်းရာ.....။"
ကျွန်တော်တို့ရဲ့စတင်တွေ့ဆုံမှုမှာဘဲ ကျွန်တော်သခင်ကိုရင်ခုန်ခဲ့တာ အရမ်းငယ်သေးတာမို့ မသိခဲ့ပင်မယ့် အရွယ်ရောက်လာတော့ ကျွန်တော်ကိုဒီလောက်နိုပ်စက်တာတောင် နည်းနည်းလေးမှမမုန်းခဲ့ သိလိုက်ရတယ် ကျွန်တ်ောသခင်ကိုချစ်တယ်။
*စတင်တွေ့ဆုံမှုတစ်ခု*
"အဖေ ကျွန်တော်ကြောက်တယ် "
ကျွန်တော့်လက်ကိုရဲရဲဆုပ်ကိုက်လျက်အဖေကကျွန်တော်အားငယ်တိုင်းအနားမှာရှိပေးဘူး အိမ်တစ်အိမ်ရဲ့ driverတစ်ယောက်ဖြစ်ပြီ စား၀တ်နေရေးတော်တော်အဆင်းမပြေတာကြောင့် အဲ့အိမ်မှာသာနေဖြစ်တယ် အမေရောဂါတစ်ဖက်ကြောင့်ပိုက်ဆံအသကုန်ရှာခဲ့တယ် ဒါပေမယ့်မမှီခဲ့ပါ အမေဆုံးပါးသွားခဲ့ပြီ အဖေကသူနဲ့အတူသူ့သခင်ကြီးအိမ်မှာ နေဖို့ခေါ်လာသည်
အမှန်တကယ်ကျွန်တော်ကြောက်မိသည် ကိုယ်အိမ်မဟုတ်တဲ့သူများအိမ်မှာနေရတော့မှာမို့ အရင်အိမ်ကိုလည်း အမေဆေးကုသစရိတ်အတွက်သုံးခဲ့တာမို့ အလုပ်ရှင်အိမ်မှာအဖေနဲ့အတူဝိုင်းလုပ်ဝိုင်းစားပေါ့ အရွယ်ငယ်သေးပေမယ် သခင်ကြီးကအဖေနဲ့ခင်တွယ်တာကြောင့် ခွင့်ပြုခဲ့တယ်
"သူကဘယ်သူလဲဦးလေး"
ကျောင်းကပြန်လာတယ်ဆိုတဲ့ အိမ်ရှင်သား အသက်ကကိုယ်ထက်၅နှစ်ကြီးတယ်လို့ကြားဖူးတယ် အစကကြောက်နေခဲ့တာ အခုရင်ထဲကတစ်မျိုးကြီး ဘယ်လိုခံစားချက်မှန်းမသိခဲ့ဘူး အဲ့ကိုကိုအနားမှာရှိရင်နွေးထွေးသလို့ခံစားရတယ် ကျွန်တော်ကသာသူနဲ့ခင်ချင်ခဲ့တာ သူကတော့ချေလိုက်တအား သူ့နာမည် Min yoongiတဲ့လေ
"ဒါဦးသားပါ အမေဆုံးလို့ဒီကိုခေါ်လာတာ သားခိုင်းချင်တာရှိရင်လည်း ခိုင်းလို့ရပါတယ်"