Part-1

124 4 1
                                    

Unicode...

.......................
"ကင်ထယ်ယောင်း...နင်အခုဘယ်အချိန်ရှိနေပြီလဲ..ထတော့ ကောင်စုတ်လေး..."

‌ထယ်ယောင်းတစ်ယောက် အောက်ထပ်ရှိအဒေါ်ဖြစ်သူရဲ့ အော်သံကြောင့် အိပ်ရာမှ ကုန်းရုန်းထကာ..နာရီကိုကြည့်မိတော့
‌၇နာရီပင်ခွဲနေချေပြီ။ရေချိုးခန်းထဲ အမြန်၀င် မျက်နှာသစ်သွားတိုက်ခြင်း အမှုကို
‌ ကပျာကယာ လုပ်၍ ဟောင်းနွမ်းစပြုနေသော ကျောင်း၀တ်စုံ ခပ်ပါးပါးကို အမြန်ကောက်၀တ်ကာ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။

‌အောက်ကိုရောက်တော့ အရင်ဆုံး အဒေါ်ဖြစ်သူရဲ့ အမြင်မကြည်တဲ့ အကြည့်က ထယ်ယောင်းဆီ ဒိုင်းခနဲ ရောက်လာသည်ကို မြင်မိလိုက်သော်လည်း မသိဟန်ပြုကာ
‌ထမင်းစားပွဲတွင် ခပ်ကျုံ့ကျုံ့လေး
‌ ၀င်ထိုင်လိုက်သည်။

‌စားပွဲ ထိပ်ဆုံးမှာထိုင်ကာ မနက်စာစားနေသည့် ထယ်ယောင်း၏ ဦးလေးဖြစ်သူမှ...

‌"ထယ်ယောင်း...မင်း..အချိန်ပိုင်းအလုပ်တွေလုပ်နေတယ်ဆို.."

‌"ဟုတ်..ထယ် ..လုပ်နေပါတယ်ဗျ"

‌'ဒုန်း!!!'

‌ထယ်ယောင်း၏ အဖြေကို အလိုမကျစွာဖြင့် ဦးလေးဖြစ်သူက ခေါင်းကိုခါယမ်းလိုက်ပြီး သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ်သို့...ဒုန်းခနဲချကာ ထမင်းစားခန်းထဲမှ ထထွက်သွားချေပြီ။

‌သူ့ကို အချိန်ပိုင်းအလုပ်လုပ်နေလားဆိုလို့..လုပ်နေလို့ လုပ်နေတယ်ဖြေလိုက်တာပဲလေ..ဘာလို့ဦးလေးက စိတ်ဆိုးသွားပါလိမ့်။

‌"ကင်ထယ်ယောင်း..ငနာလေး..နင့်ကို ငါပြောထားတယ်လေ..နင်အချိန်ပိုင်းအလုပ်လုပ်နေတယ်ဆိုတာ..ငါ့ယောကျ်ားမသိစေနဲ့လို့ ပြောထားတယ်လေ...ကဲဟယ်..ကဲဟယ်..!!!!"

‌ဘေးနားက အဒေါ်ဖြစ်သူမှ ထယ်ယောင်းနားရွက်ကို အားဖြင့်ဆွဲလိမ်လိုက်တာကြောင့် ဖြူဥနေသာ နားရွက်လေးမှာ ချက်ခြင်းကို ရဲတက်လာတော့သည်။

‌"အား..နာ..နာတယ်..ဒေါ်လေး..လွှတ်ပါ..ထယ်..ထယ်..တောင်းပန်ပါတယ်..ဗျ.."

‌"စောက်သုံးကို..မကျတဲ့..
‌ပျော့တိပျော့ဖက်ကောင်..မွေးကထဲက..နင်ကအသေလေးမွေးလာရမှာ..ဟဲ့..တကယ်ထဲမှပဲတော်...နင့်မွေးလာလို့..ငါ့အမသေသွားရတာ..ငါ့ခဲအိုလည်းစီးပွားပျက်ပြီး သေသွားရတာနင့်ကြောင့်..
‌ဂြိုလ်ဆိုးကောင်ရဲ့."

‌ထယ်ယောင်းတစ်ယောက် အဒေါ်ဖြစ်သူရဲ့
‌ဆဲဆိုသံတွေကို ကျင့််သားရနေပြီဖြစ်သော်လည်း..၀မ်းနည်းမှုတွေကိုတော့ ဘယ်တော့မှဖျောက်ဖျက်လို့မရခဲ့ချေ။ပြန်လည်ပြောဆိုဖို့လည်း စိတ်ကူးမရှိတာကြောင့် အောက်ကို ခေါင်းငုံ၍သာ နှုတ်ခမ်းပါးကို နာနာကိုက်နေမိတော့သည်..။

‌"ကဲ..ကဲ..ကျောင်းသွားမှာမလား..သွား..သွားတော့ မထုံတက်တေးနဲ့ဟယ်..ပြီးတော့ နင်မနေ့ကရတဲ့ အချိန်ပိုင်းလုပ်ခ..ဘယ်မလဲ..?ပေးစမ်း..ငါ့ကို.."

‌"ထယ်..ကျောင်းလခသွင်းလိုက်ပြီ..ဒေါ်လေး.."

‌"ဘာပြောတယ်..ထယ်ယောင်း..နင်ဟာလေ..ငယ်ငယ်လေးထဲက..စောင့်ရှောက်ကျွေးမွေးလာတဲ့..ငါ့ကို..အဲ့တစ်ပြားနှစ်ပြားပိုက်ဆံလေးတောင်..မပေးချင်ဘူးပေါ့လေ..တော်တော်စောင့်ရှောက်ရကျိုးနပ်တဲ့..အကောင်...သွားတော့..သွားတော့..ငါ့မျက်စိရှေ့က..ကြာရင်..နင့်ကိုငါ သတ်ပစ်မိလိမ့်မယ်.."

‌ထယ်ယောင်းလည်း..လွယ်အိတ်ကိုတင်းတင်းဆုပ်ကိုင်ကာ...အိမ်ထဲမှထွက်လာခဲ့လိုက်သည်။ busစီးဖို့ပိုက်ဆံတောင် မကျန်တော့သည်မို့ ကျောင်းကိုလမ်းလျှောက်သာ သွားရတော့မည်။

‌သူ့မိဘတွေဆုံးသွားထဲက စောင့်ရှောက်လာခဲ့သည့် ဒေါ်လေးတို့မိသားစုသည်သာ
‌သူ့ဘ၀ရဲ့ တစ်ခုထဲသောခင်တွယ်ရာမို့
‌ဘယ်လောက်ပင်သူ့ကို ပြောပြော သူအပြစ်မမြင်ရက်ပေ။ခိုကိုးစရာနေရာတစ်ခုပေးထားသည့် ကျေးဇူးတရားကပင် အတော်ကြီးမားသည်မဟုတ်လား။

‌..................................

‌"ထယ်ယောင်းရေ....!!"

‌အတန်းထဲရောက်တော့
‌အသံခပ်စူးစူးနဲ့အတူ သူ့ကိုအပြေးလာဖက်တဲ့ သူ့ရဲ့ အချစ်ရဆုံးသောသူငယ်ချင်းလေး ပက်ခ်ဂျီမင်။

‌"ဂျီမင်ရာ..ဖြေးဖြေးလာပါကွ...မင်းကလည်း.."

‌ဂျီမင်က သူ့ရဲ့ရှေ့ကျနေတဲ့ဆံပင်များကို
‌လက်ဖြင့်နောက်သပ်တင်ကာ..

‌"အဟဲ..ဟဲ...ငါမင်းကိုစောင့်နေတာ ကြာပြီလေကွာ..ဒါနဲ့ မင်းဒီနေ့နောက်ကျတယ်နော်.."

‌"အင်း.."

‌မသာမယာပုံစံနဲ့ဖြေလာတဲ့ ထယ်ယောင်းကြောင့်် ဂျီမင်သိလိုက်ပါပြီ။ထယ်ယောင်းတစ်ယောက် စိတ်ညစ်လာတယ်ဆိုတာ..။
‌ထယ်ယောင်းရဲ့ပခုံးလေးကို ဖွဖွလေးပုတ်ကာ ..

‌"လာ..ငါတို့ကန်တင်း..သွားရအောင်.."

‌ထယ်ယောင်းက ပြူးကြောင်ကြောင်လေးဖြင့်..

‌"ဂျီမင်နားးးးငါတို့အတန်းတက်ရဦးမယ်လေ.."

‌"အတန်းက..မနက်ပိုင်းမရှိဘူးတဲ့ကွ..လာ..သွားမယ်..."

‌အတင်းဆွဲခေါ်နေတဲ့ ဂျီမင့်အနောက်ကိုသာ
‌မရုန်းသာမလှုပ်သာပဲ ကုပ်ကုပ်လေးသာလိုက်လာခဲ့ရတော့သည်။ဂျီမင်က လူကောင်သာသေးတာ
‌ အားကတော့အပြည့်မဟုတ်လား။

‌ကန်တင်းရောက်တော့ ဂျီမင်က သူ့အတွက်
‌ထမင်းကြော်သွားယူပေးပြီး သူ့ရှေ့ကိုလာချပေးသည်။ထယ်ယောင်း နှုတ်ခမ်းပါးလေးကတစ်ချက်တော့ ပြုံးလိုက်မိသည်။သူ့ဘဝမှာ ဒီလိုဂရုစိုက်ပေးမယ့်သူဆိုတာ..
‌ဂျီမင်ကလွဲပြီး မရှိဘူးမလား။

‌ခေါင်းပေါ်ကို ကျလာတဲ့လက်တစ်စုံနဲ့အတူ...

‌"ဘာတွေတွေးပြီး..ပြုံးနေတာလည်း.ထယ်ယောင်း..စားတော့ မနက်စာစားချိန်ကျော်နေပြီ..အစာအိမ်ဖြစ်မယ်.."

‌သူ့ရှေ့က ထမင်းကြော်ကို တိတ်ဆိတ်စွာစားနေတဲ့ သူငယ်ချင်းဖြစ်သူ ထယ်ယောင်းလေးက အရမ်းဖြူစင်လွန်းတဲ့ ကောင်လေး။သူ့အဖေနဲ့အမေသေဆုံးရတာ
‌ထယ်ယောင်းကြောင့်ဆိုပြီး အမြဲအပြစ်တင်တက်တဲ့ အဒေါ်နဲ့ဦးလေးဖြစ်သူတို့ရဲ့ လောင်းရိပ်အောက်မှာနေရတဲ့ သူ့သူငယ်ချင်းလေးရဲ့ဘ၀က တကယ့်ကို အပယ်ခံတစ်ယောက်လိုပင်။အဒေါ်ရင်းဖြစ်သူက သူ့သားနဲ့သမီးကိုသာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားပေမယ့် ထယ်ယောင်းကိုတော့ အမြဲတမ်းအိမ်အလုပ်တွေ သိမ်းကျုံးလုပ်ခိုင်းလေ့ရှိသည်။သူတို့ရဲ့သားနဲ့သမီးကို တောက်ပြောင်စွာဆင်ယင်ပေမယ့်လည်း ထယ်ယောင်းကိုတော့ အိမ်ရဲ့ခိုင်းဖက်အဖြစ်သာသဘောထားလေသည်။

BIGBOSS JEON'S BABY TAEWhere stories live. Discover now