အပိုင်း (၃)

972 237 14
                                    

( Unicode )

" ပန်းကလေး "

ခေါ်သံနှင့်အတူ ဂယောင်ဂတမ်းနှိုးထ,လာခဲ့ရပြီးသည့်နောက်မှာတော့ ချန်းယောလ်နဖူးပေါ်က ချွေးစချွေးနလေးတွေကိုဖိသုတ်ရင်းစိမ်းသက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်အ နေအထားကို အကဲခတ်ဖို့ရာအတွက် ထ,ထိုင်လိုက်ရသည်။

" နှိုးလာပြီ ဟေ့  "

တစ်စုံတစ်ယောက်၏ အော်သံကြောင့်ချန်းယောလ်ကိုယ့်မျက်လုံးကို ပွတ်ကာဘေးဘီဝဲယာကိုကြည့်မိတော့ ဘာဆိုဘာမှရှိမနေတာကြောင့် လန့်သွားရသည်။

မိစ္ဆာတွေများဖမ်းသွားတာလား၊ မမြင်ရတဲ့ လောက,က လူတွေများချန်းယောလ်ရဲ့ခန္ဓာ ကိုယ်ကို ယူငင်စားသုံးကြတာများလား။

အမျိုးမျိုးတွေးကြည့်ကာ တံတွေးကိုအကြိမ် ကြိမ်အခါခါမြိုချရင်း မျက်လုံးကိုဒေါင့်စေ့အောင်ကြည့်ယူရင်း အကဲခတ်နေရသည်။

ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိသည်ကြောင့် မိမိ၏လက်စွဲတော်ဓါးကလည်းအနားမှာရှိမနေတာ စိတ်ညစ်ဖို့ကောင်းသည်။

" ဆေးဆရာကြီး.. နှိုးလာပြီပဲ "

ဒီတစ်ခါမှာတော့ ချိုသာယစ်မူးစေသောအ သံနှင့် ကိုယ်ရောင်ကိုယ်ဝါတောက်ပသောနတ်သူငယ်ပျိုက ချန်းယောလ်၏မျက်စိရှေ့တည့်တည့်တွင် ဘွားခနဲပေါ်လာပါ၏။

ဘေးမှာလည်း ခြံရံထားတဲ့ နတ်သူငယ်ပျိုလေးတွေကလည်း ခုတင်ပေါ်ထိုင်နေတဲ့ချန်းယောလ်ကို မျက်လုံးရွဲကြီးများဖြင့်တအံ့တသြကြည့်နေသည်က ​ကြက်သီးထစရာကောင်းပေလေ၏။

" အသင်တို့က ဘယ်သူပါလဲ "

ရန်လိုမည့်ဟန် မတူတာကြောင့် ချန်းယောလ် ချောင်းတစ်ချက်ဟန့်ကာ အေးဆေးစွာဖြင့်မေးမြန်းလိုက်တော့ ထိုနတ်သူငယ်ကားနှုတ် ခမ်းလေးလှုပ်ခတ်သွားရုံပြုံးပြ၏။

ချန်းယောလ်ချစ်မြတ်နိုးရတဲ့ ' ပန်းကလေး ' ဆိုသူနှင့် ရုပ်ဆင်းအင်္ဂါမသိမ်းမယိမ်းတူနေတယ်ဆိုပေမယ့် ထူးခြားတာက ' ပန်းကလေး ' ထက်ကိုယ်ရောင်ကိုယ်ဝါတောက်ပနေခြင်းပါပဲ။ ရှိသင့်ရှိထိုက်တဲ့ တန်ခိုးအာဝါသတွေနဲ့ပြည့်စုံနေပြီး တည်ငြိမ်နေတဲ့မျက်နှာအသွင် အပြင်က ကျက်သရေရှိခြင်းကိုဆောင်ကျဥ်းနေလေသည်။

𝗧𝗵𝗲 𝗙𝗹𝗼𝘄𝗲𝗿 𝗙𝗮𝗶𝗿𝘆 [ COMPLEDED ]Where stories live. Discover now