ဇာတ်သိမ်းပိုင်း

1.4K 244 12
                                    

( Unicode )

ချန်းယောလ်ရွာထဲကလူတွေဆေးကုပေးပြီးအိမ်ပြန်လာတဲ့လမ်းမှာ ဒဏ်ရာရနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရ၏။

ဆန့်ထုတ်ထားတဲ့ခြေထောက်ဖြူဖြူဖွေးဖွေးလေးမှာ ဆူးညှောင့်တွေခြစ်မိထားဟန်တူသ လိုမြေကြီးပေါ်သို့တစိမ့်စိမ့်စီးကျနေသည့်သွေးတွေကြောင့် လူနာသည်လည်းမေ့မျောလုမတတ်ဖြစ်နေသည်။

" ဟေ့.. ကောင်လေး "

လှုပ်ခေါ်ကြည့်ပါသော်လည်းထိုကောင်လေးငယ်ဟာ ခေါ်၍ပင်မရလောက်အောင်ဒဏ်ရာအရှိန်ကြောင့်တိုးဖွဖွလေးညည်းတွားနေပါ ၏။

ဘေးနားမှာလည်းခူးလာတဲ့ပန်းတွေထည့်ထားတဲ့ခြင်းအကြီးကြီးတစ်လုံးရှိပြီးပန်းတချို့ဟာလည်းမြေကြီးပေါ်သို့ပြန့်ကျဲလျက်။

သွေးမတိတ်သေးတဲ့ဒဏ်ရာကိုဦးဆုံးပါလာတဲ့အရက်နှင့်သေချာဆေးပေးတော့ရူံ့မဲ့သွားတဲ့မျက်နှာနုနုလေးကိုဖျက်ခနဲမြင်လိုက်ရသည်။

ညနေစောင်းဖြစ်နေတာကြောင့် ချန်းယောလ်တို့ ဒီနေရာမှာအကြာကြီးဆက်မရှိသင့်ဘူးလေ။

ညနက်လာသည်နှင့်အမျှ မြူးတူးပျော်ပါးကြသည့်မိစ္ဆာငယ်လေးတွေ ရန်ကကင်းဝေးအောင်ဆိုသည့်စိတ်နှင့် ဒီအမည်မသိကောင်လေးကိုပွေ့ပြီးတစ်ဖက်ကလည်းသူ၏ပန်းခြင်းကိုကိုင်ကာအိမ်သို့ခေါ်ခဲ့လိုက်သည်။

ကောင်လေးခြေထောက်ပေါ်ကဒဏ်ရာတွေကိုသေချာလေးဆေးလိမ်းပေးပြီးညစာအ တွက်ချက်ပြုတ်နေတုန်းမှာပဲမိုးသားတွေမည်းမှောင်လာပြီးမိုးချုန်းသံတွေဆူညံလာပါတော့သည်။

နှာခေါင်းထဲကြက်သားဆန်ပြုတ်အနံ့ကြောင့်ဘတ်ခ်ဟျွန်းမျက်လုံးကိုဖွင့်ပြီးထ,ထိုင်လိုက်တော့သူဟာ သူစိမ်းတစ်ယောက်၏အိပ်ရာပေါ်မှာဖြစ်နေသည်။

" မင်းနှိုးပြီလား၊ ဗိုက်ဆာနေရောပေါ့။ကြက် သားဆန်ပြုတ်လုပ်ပေးထားတယ် "

" နတ်ဆေးဆရာကြီးပါလား "

ယူလာတဲ့ကြက်သားဆန်ပြုတ်ပန်းကန်လေးကိုကောင်လေးဘေးကစားပွဲပေါ်တင်ပေးနေတုန်းမှာပဲကြားလိုက်ရတဲ့အသံကြောင့်သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

𝗧𝗵𝗲 𝗙𝗹𝗼𝘄𝗲𝗿 𝗙𝗮𝗶𝗿𝘆 [ COMPLEDED ]Where stories live. Discover now