♡︎ ep8

1.9K 57 1
                                    


Unicode
__________

လူကိုဘာလို့ စိတ်ရှုပ်အောင်လုပ်ရတာလဲ....
အဲ့လောက်ထိခင်မင်တာ မဟုတ်သေးပေမယ့်လဲ
သိတယ်ဆိုရုံလောက်....
စိတ်ထင်မှားတာပဲ နေမှာပါလေ...

"လရိပ်ရေ..."

"ရှင် လာပြီ မမကလျာ...."

...................................

" MD စုံစမ်းခိုင်းထားတာတွေ ဒီမှာပါ ခင်ဗျ..."

"ကျေးဇူးပဲ လုပ်စရာရှိတာ သွားလုပ်လို့ရပါပြီ..."

လက်ထဲရောက်လာတဲ့ ဖိုင်တချို့။
တစ်ရွက်ချင်းဆီ သေချာကြည့်နေမိသည်။

ကိုယ်ခုကစပြီး
အရိပ်လေးရဲ့ ဘဝထဲ ဝင်လာ‌တော့မှာမို့...
ကိုယ့်ကို စောင့်နေပေးပါ....
ကိုယ်အရိပ်‌လေးဆီ အရောက်လာနေပြီမို့.....

.............................

ဆောင်းတွင်းဝင်လာပြီမို့် ပတ်ဝန်းကျင်မှာ
အအေးဓာတ်လေးတွေ စိုးမိုးနေသည်။
ဆောင်းလေ အေးအေး‌‌လေးနှင့်
ပြေးလွှားလှုပ်ရှားနေကြသော ပုံရိပ်များ။

စက်ဘီးလေးကို magic world ဆီ
ဦးတည်လာခဲ့သည်။

"လရိပ် ....."

လရိပ် အစ်ကို့ကို ကြောင်ကြည့်နေမိသည်။
ပုံမှန်ဆို စာအုပ်တွေ သိမ်းရင်းစောင့်နေတတ်တဲ့ အစ်ကိုက ခု ဆိုင်ရှေ့‌တွေ မတ်တပ်ရပ်
စောင့်နေသည်။

"အစ်ကို့ ဘာလို့ အပြင်မှာစောင့်နေတာလဲ..."

"လရိပ်... အစ်ကို စက်ဘီး နင်းပေးမယ်
လရိပ်ကို ခေါ်သွားချင်တဲ့နေရာ‌လေးရှိလို့..."

"ရတယ်လေ..."

အစ်ကို့ ခါးသိမ်သိမ်လေးကို ဖက်၍
လိုက်လာခဲ့သည်။

အစ်ကိုနဲ့ ခုလိုလေးပဲ အမြဲရှိနေချင်မိတယ်......

.........................

စက်ဘီးကို ‌ကန်ဘောင်ဘက် ဦးတည်ခဲ့သည်။
စိတ်ထဲ စကားလုံးများစီနေမိသည်။

လမင်းလေးကတော့ သိနိုင်မည်မဟုတ်....
ကိုယ့်ရဲ့ရင်ခုန်သံ‌တွေ ဘယ်လောက်‌တောင်
ကျယ်လောင်နေသလဲဆိုတာကို.....

ကန်ဘောင်ပေါ်တွင် ညနေခင်းဆည်းဆာကို
လှပစွာ တွေ့‌မြင်နေရသည်။

You are my Destiny (Unicode + Zawgyi )Where stories live. Discover now