♡︎ ep 21

1.5K 55 0
                                    

Unicode
__________

မွှေးရနံ့တစ်ခုကြောင့် မျက်ဝန်းတို့
ဖွင့်လာရပြီး ကြည့်လိုက်တော့ အလုပ်သွားဖို့
ပြင်ဆင်နေတယ် ထင်ပါ့...။

"မင်း နိုးပြီလား..."

"....."

"ကိုယ် အလုပ်သွားတော့မှာ မင်းအတွက်
အောက်မှာ မနက်စာပြင်ပေးထားတယ်..."

"အွန်း..."

သူ့ကိုမကြည့်ပဲ ဖြေလိုက်ရင်း ခေါင်းကိုသာ မျက်နှာမပေါ်အောင် ဖုံးကာ ခြုံထားနေမိသည်။

သူ့ကို မတွေ့ချင်ဘူး...

........

အိမ်ထဲပျင်းပျင်းနဲ့ လျှောက်ကြည့်နေမိသည်...။
တွေ့လိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ပုံကြောင့်
သူ့အမေမှန်း သိပေမယ့် သူတို့ မိသားစုအကြောင်းသိချင်တာကြောင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်...။

မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတဲ့ ယမင်းကို
တွေ့တော့...

"ယမင်း..."

"မမလေး ဘာလိုချင်လို့လဲ..."

"သူ... သူ့မိသားစုအကြောင်း ပြောပြလို့
ရမလား..."

"ရှင်...."

ခနမျှ စဉ်းစားနေပြီးမှ ပြုံးပြလာသည်...။

"ဟုတ်ကဲ့ မမလေးသိချင်ရင်‌ ပြောပြပါ့မယ်..."

မီးဖိုချောင်ထဲကနေ နှစ်ယောက်တူတူ လသာဆောင်ဆီ ထွက်လာခဲ့ကြသည်...။

"အကိုလေးက ဒီအိမ်မှာ ၁၅နှစ်လောက်ထဲက
လာနေတာလေ...ဒီအိမ်က အကိုလေးမေမေ
ဝယ်ပေးထားတာပေါ့ ..."

"အော်...."

"အကိုလေးက သူ့မေမေကို တအားချစ်တာ
ဒါပေမယ့် အကိုလေး အသက်၁၅နှစ်လောက်မှာ ဆုံးသွားတာ...အကိုလေးက မေမေကြီးဆုံးတာ ဖေဖေကြီးကြောင့်ဆိုပြီး ဖေဖေကြီးနဲ့
ဆက်ဆံရေး သိပ်မကောင်းဘူး..."

သူ့မှာလဲ ဒီလို ကိစ္စတွေရှိတာပဲလား...

နဂိုစိတ်ပျော့သူမို့ ဒီလိုအကြောင်းအရာတွေ
ကြားတော့ သနားသလို ဖြစ်သွားမိပေမယ့်
ကိုယ့်ကို အတင်းယူသလိုဖြစ်ခဲ့တာမို့
ခွင့်လွှတ်ဖို့က‌တော့ မဖြစ်နိုင်သေး...။

You are my Destiny (Unicode + Zawgyi )Where stories live. Discover now