Chapter 4

386 55 8
                                    

တစ်ဖက်မှာ ဒရာဂိုအိမ်ထဲပြန်၀င်လာပြီးနော်ပမ်စီက

"ဟဲ့ဒရာဂိုငါမေးစရာရှိလို့"

"အင်းမေးလေ"

"နင်ပြောတဲ့ ပေါ်တာဆိုတဲ့သူကဘယ်သူလဲနင်နဲ့သိတာလား"

"သိပ်တော့အရင်းနှီးကြီးမဟုတ်ပါဘူး"အဲ့တာနဲ့ဒရာဂိုသူနဲ့ဘယ်လိုသိတာလဲဆိုတာကို‌အစဆုံးပြောပြလိုက်တယ်

"ဝိုးဒရာဂိုနင်ကတော်တော်စွံတာပဲ"

"ပမ်စီ"

"ဟဲ့အဲ့လောက်ကြီးမအော်ပါနဲ့စတာပါ"

"အဲ့ပေါ်တာဆိုတဲ့သူကောသူ့အမလားညီမလားမသိတဲ့သူကောငါကြည့်လို့ကိုမရဘူး"

"အံမယ်ကြည့်လို့မရဘူးသာပြောတာပေါ်တာ ပေါ်တာနဲ့မပြောလိုက်ချင်ဘူးနင်သူကိုကြိုက်နေတာလား"

"ဆုတောင်းလေ"

အဲ့လိုနဲ့ပမ်စီတစ်ယောက်ဒရာဂိုကိုလိုက်စနေလေတယ်

ညနေလောက်ရောက်တော့ပမ်စီလဲသူ့အိမ်ပြန်သွားတယ်

အိမ်ပြန်ရောက်တဲ့အခါပမ်စီကသူ့ရဲ့မမနဲ့တွေ့ဖို့မနက်ကြဒရာဂိုတို့စီသွားဖို့ဆုံးဖြတ်ထားတယ်

'သူကဘယ်ချိန်မှအပြင်ထွက်မ
လဲမသိဘူးဒရာဂိုတို့အိမ်မှာနေပြီးမမအိမ်ပြင်ထွက်လာတဲ့အခါကြမှသွားမိတ်ဆက်လိုက်မယ်'ဟုပမ်စီတွေးလိုက်တယ်

မနက်ရောက်သောအခါ‌ပမ်စီသည်ဒရာဂိုတို့အိမ်ကို7နာရီလောက်ထဲကသွားလေတယ်

တစ်ဖက်မှာဟယ်ရီသည်လည်းသူ့တွေးထားသည့်အတိုင်းစာကြည့်တိုက်ဘက်ကိုဒရာဂိုမလာခင်တည်းကရောက်အောင်ကြိုသွားနှင့်တယ်

ဒရာဂိုလည်း8နာရီထိုးပြီဆိုတာနဲ့စာကြည့်တိုက်ဘက်ကိုထွက်ဖို့ပြင်ပြီးပမ်စီကိုနှုတ်ဆက်ခဲ့တယ်

ဒရာဂိုထွက်သွားပြီးတာနဲ့ပမ်စီလည်းဟိုဘက်အိမ်ကသူ့မမဘယ်ချိန်များထွက်လာမလဲဆိုပြီးမျှော်နေလေတယ်

ခနကြာတော့ဟာမိုနီတစ်ယောက်သူ့အိမ်ထဲကထွက်လာတာအိမ်အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေ၀ယ်ဖို့ပေါ့

💚Can I be your boyfriend?❤️Where stories live. Discover now