အဲ့လိုနဲ့ပမ်စီနဲ့ဟာမိုနီတို့လည်းရက်တွေကြာတော့သံယောဇဉ်တွေပိုလို့တောင်တွယ်လာမိပြီလေဒရာဂိုနဲ့ဟယ်ရီတို့လည်းအရင်ကထက်ပိုရင်းနှီးလာပြီးစစနောက်နောက်နေတက်ကြတယ်
လူနာနဲ့ဂျင်းနီလည်းချစ်သူတွေဖြစ်သွားကြပြီလေရွန်အကူအညီကြောင့်လဲပါတာပေါ့
တစ်နေ့မှာဟာမိုနီကော ဟယ်ရီကောပမ်စီနဲ့ဒရာဂိုကစေ့စပ်ထားတဲ့သူတွေဆိုတာသူတို့နှစ်ယောက်လုံးသိခဲ့ရတယ်
သာယာတဲ့မနက်ခင်းလေးမှာဟယ်ရီတစ်ယောက်ပုံမှန်အတိုင်းစာကြည့်တိုက်ဘက်ကိုထွက်သွားတယ်
အိမ်မှာကျန်ခဲ့တဲ့မိသားစုတွေကစကားပြောရီမောနေကြရင်းဂျိမ်းက
"သမီးဟာမိုနီဖေဖေတို့ပြောဖို့မေ့နေတာဒယ်ဒီတို့မိတ်ဆွေသူငယ်ချင်းရဲ့သားဒရာဂိုတောင်စေ့စပ်ထားပြီတဲ့နော်"
"ဪဟုတ်လားဒယ်ဒီ"
'သူလိုကောင်မျိုးကမိန်းမရနိုင်သေးတယ်နော်အံ့ဩဘသူတော့ကံဆိုးပြီပဲ'လို့စိတ်ထဲကပြောလိုက်တယ်
"သမီးတို့ကောချစ်ရမယ့်သူရှိပြီလား"
"ဟိုအဲ့တာကလေ ဪဒယ်ဒီသူကဘယ်နဲ့စေ့စပ်ထားတာတဲ့လဲ" ဟာမိုနီတစ်ယောက်စကားလမ်းကြောင်းလွှဲလိုက်ရတယ်တကယ်တော့သူ့မှာသူသိပ်ချစ်ရတဲ့ပမ်စီဆိုတဲ့ကောင်မလေးကိုပြောလိုက်ချင်တာပေါ့ဒါပေမဲ့ဒယ်ဒီတို့လက်မခံမှာကြောက်တယ်
"သူလား သူကပမ်စီဆိုတဲ့ကလေးမနဲ့စေ့စပ်ထားတာတဲ့လေ"
"ရှင် ပမ်စီ ဟုတ်လားအဲ့တာသူညီမ မဟုတ်ဘူးလား"
"ဖြည်းဖြည်းပြောပါသမီးရယ်မဟုတ်ပါဘူးသမီးကသူနဲ့သိလို့လား"
"ဟုတ် အာ မသိပါဘူးဒယ်ဒီကလည်း"
ဟာမိုနီရုတ်တရက်ငိုချင်လာတဲ့အတွက်"ဒယ်ဒီသမီးအပြင်ခနသွားလိုက်အုံးမယ်နော်"
"ဘယ်သွားမို့လဲသမီး"
"ဒီနားလေးပါပဲ"
"အေးအေး ဂရုစိုက်သွားအုံးနော်"
"ဟုတ်ကဲ့ဒယ်ဒီ"
ပြောပြီးတာနဲ့ဟာမိုနီတစ်ယောက်သူတို့အိမ်နဲ့မနီးမဝေးမှာရှိတဲ့ပန်းခြံတစ်ခုဆီသွားပြီပန်းခြံထဲရှိထိုင်ခုံတစ်ခုံမှာထိုင်လိုက်ပြီးငိုချလိုက်ပါတော့တယ်
YOU ARE READING
💚Can I be your boyfriend?❤️
Fanfictionဒီficလေးကတော့harry potterဆိုတဲ့ကောင်လေးကအခုဘ၀မှာကော အရင်ဘ၀ကဖြစ်ခဲ့ဘူးသည့်မှော်စွမ်းအားရှိတဲ့harry potterဘ၀မှာကောdraco malfoyကိုသူ့ကောင်လေးဖြစ်အောင်လုပ်သွားမှာပါနော်💚❤️