"ဆရာတူညီလေး...နေကောင်းရဲ့လား.."
ဇာတ်လိုက်တစ်ယောက်လုံးသူ့အရှေ့မှာမားမား
ကြီးရပ်ပြီးကျန်းကျန်းမာမာရှိနေတာတောင်
နေကောင်းရဲ့လားသွားမေးမိသည့်ကိုယ့်ပါးစပ်
ကိုယ်သာကျယ့်ဟန်ဆဲချင်မိသွားသည်။ဘယ်
လောက်တောင်အကျိုးအကြောင်းမလျှော်
ကန်လိုက်သလဲ။ကုန်းကျွင်းကတော့သူ့ရဲ့အ
ကြောင်းမသင့်တဲ့နူတ်ဆက်ခြင်းအပေါ်အလေး
ထားပုံမပြ။မျက်နှာချောချောသည်နေမင်းကြီး
ပမာဝင်းထိန်နေပြီးအပြုံးတွေကလည်းစေ့စေ့မ
ကြည့်ရဲလောက်အောင်တောက်ပလွန်းသည်။ဝတ္ထုထဲကဗီလိန်ကောင်ကုန်းကျွင်းအပြုံးကို
မုန်းတယ်ဆိုလည်းမုန်းလောက်သည်..ထိုရိုး
သားဖြူစင်သောလူငယ်လေးကုန်းကျွင်းရဲ့အပြုံး
အောက်မှာပတ်ဝန်းကျင်ကအရာအားလုံး၏
တောက်ပမူ့မှာစုပ်ယူခံလိုက်ရသလိုမှေးမှိန်ပျောက်ကွယ်ကုန်သည်။"ဟန်ကော..ကရော..ကျန်းမာရေးကောင်းတာ
သေချာသွားပြီလား..တစ်လနှစ်လလောက်တော့
အေးအေးဆေးဆေးအနားယူသင့်တယ်.."ကုန်းကျွင်းသည်ဂရုစိုက်စွာမေးလာသည်။
"ငါနေကောင်းသွားပါပြီ..."
တိုတိုတုတ်တုတ်ကျယ့်ဟန်အဖြေစကားကိုကုန်းကျွင်းသိပ်မကြားသလိုပင်။ကုန်းကျွင်းသည်သူ့အရှေ့ကဆရာတူအစ်ကိုအားစေ့စေ့စပ်စပ်ကြည့်ကာအကဲခတ်နေသည်။အရင်ကလိုမတူတဲ့
ကျန်းကျယ့်ဟန်ပုံစံမှာသူ့ကိုအနည်းအများတော့
စိုးရိမ်စိတ်ဝင်စေသည်။"အစ်ကိုဟန်ရင်းကခွင့်ပြုပေးလိုက်တာလား.."
ကျယ့်ဟန်သည်နူတ်ဆိတ်ကာပင်ငြိမ်နေလိုက်သည်။အထူးသဖြင့်ကုန်းကျွင်းနဲ့သူ့ကြောင့်
အစ်ကိုဟန်ရင်းစိတ်မသက်မသာဖြစ်မှာကိုမလိုလားပေ။ကျယ့်ဟန်ရဲ့နူတ်ဆိတ်ခြင်းသည်အမှန်တရားကိုဝန်ခံရာရောက်သည်မူ့ကုန်းကျွင်းလည်းနောက်ထပ်ဘာမှမပြောလိုတော့။ကုန်းကျွင်းနဲ့အရင်ကျန်းကျယ့်ဟန်မှာသိပ်ပြီး
ခင်မင်းရင်နှီးမူ့မရှိအေးတိအေးစက်အနေအထား
ကြီးတစ်ခုသာရှိခဲ့သည်ကိုပင်ကျယ့်ဟန့်ဝမ်းသာ
နေမိသည်။ဘာပဲဖြစ်ဖြစ်ဇာတ်လိုက်နဲ့သူစကား
အများကြီးပြောစရာမလိုတော့။