ကျန်းကျယ့်ဟန်အတွက်အလင်းဂိုဏ်းတွင်အပျော်ဆုံးအချိန်ကိုပြောပါဆိုရင်..ထမင်းစား
ချိိန်ပင်။ထမင်းစားချိန်ဆိုအလင်းဂိုဏ်ရဲ့
ချန့်ဝမ်ဆောင်ကြီးသည်အင်မတန့်ကိုမှလူစည်
နေပြီးတိုးလို့ပင်မပေါက်နိုင်။ပုံမှန်ဂိုဏ်းသား
တစ်ယောက်အတွက်ဆိုထမင်း..ဟင်းအပြည့်
အစုံရရန်ခဲရာခဲဆစ်တန်းစီးရသော်လည်းကျန်း
ကျယ့်ဟန်တို့လိုအတွင်းဆောင်တပည့်တွေကမူတန်းစီစရာမလို။ကိုယ်တာသပ်သပ်ရှိနှင့်ပြီးသား
ပင်။ချန့်ဝမ်ခန်းမထဲကျန်းကျယ့်ဟန်ဝင်လာချိန်တွင်
ခန်းမကြီးထဲအတော်အသင့်လူစည်နေပြီး
အားလုံးရဲ့အကြည့်တွေကသူ့အားခိုးကြောင်
ခိုးဝှက်ကြည့်နေကြသည်။ဂိုဏ်းရဲ့ပညာ
သင်မိန်ကလေးငယ်များသည်လည်းတော်ရုံနှင့်
သူ့ဆီကအကြည့်မခွာနိုင်ကျ။ကျန်းကျယ့်ဟန်
မှာကိုယ့်ကိုကိုယ်သိပ်ကျေနပ်မိနေသည်။သူရဲ
အောင်မြင်မူ့မှာဇာတ်လိုက်ကြီးကိုမကျော်နိုင်
ပေမဲ့အရှိန်အဝါကတော့မသေးလှ။ကျန်းကျယ့်
ဟန်သည်ဘာဇာပန်းထိုးမှမပါတဲ့အဖြူရောင်
စျေးပေါပေါဝတ်ရုံကိုသာဝတ်ဆင်ထားပြီး
ခေါင်းပေါ်တွင်အဖြူရောင်ပုလဲဆံထိုးကိုသာ
ထိုးထားသည်။သူပုံစံကအရမ်းကိုရိုးရှင်းနေ
ပေမဲ့တစ်ဖက်သားမျက်စိမလွှဲနိုင်လောက်အောက်ယဥ်ပြန်သည်။ကျန်းကျယ့်ဟန်သည်
သူ့ကိုယ်တာထမင်းနဲ့ဟင်းပါသောဗန်းကိုမကာ
အဆောင်ထဲတွင်ထိုင်စရာနေရာလွတ်ကိုရှာနေမိသည်။ဇာတ်လိုက်ကုန်းကျွင်းကသူ့ကိုကြည့်ကာပြုံး
ပြလာသည်။သို့သော်ကျယ့်ဟန်ထိုနေရာအား
မရွေးခဲ့ပါ။ဘေးမှာ...ဇာတ်လိုက်မကြီးနဲ့ရူပ်
ရူပ်ယှက်ယှက်။တစ်ဖန်..အစ်ကိုဟန်ရင်းဝိုင်း
ကိုကြည်ပြန်သော်လည်းဒုဂိုဏ်းချုပ်ကျိုး
ရွင်နှင့်စကားလက်ဆုံကျနေသည်။ထိုဝိုင်းကို
သွားထိုင်မိပါကဆုံးမသြဝါဒနာခံရမည့်ကိုယ်ံ့
အဖြစ်ကိုယ်တွေးမိရင်းနားတွေတောင်အူလာ
ရသည်။နောက်ဆုံးကျန်းကျယ့်ဟန်ရွေးမိတာကသူတပည့်
ကျန်းချိန်လင်တို့ဝိုင်းပင်။ထိုဝိုင်းသေးသေးလေး
သည်တစ်ခြားဝိုင်းတွေထက်တောင်သေးကွေး
လွန်းလှသည်။ကျန်းကျယ့်ဟန်သည်နှစ်လိုဖွယ်
ရာကောင်းတဲ့အထိပြုံးမိလိုက်ပြီးသူ့တပည့်လေး
တွေရှိရာခုံဝိုင်းလေးကိုသာတန်းတန်းမတ်မတ်
ထွက်လာခဲ့သည်။မနှေးလွန်းမမြန်လွန်းသောသူ့
ခြေလှမ်းတိုင်းကအိန္ဒြေရှိသည်။အဖြူလွှလွှဝတ်
ရုံလေးသည်လည်းထိုလူသား၏ဖြူစင်မူနှင့်ကျက်သရေရှိမူ့အားထပ်ဆင့်ပံပိုးပေးထားသည်။