Chapter 1

3.2K 392 3
                                    

Chapter 1:

အလုပ်ကနေ အိမ်ပြန်လာတော့ အိမ်က ရှုပ်ပွနေတယ်။ ဒါပေမယ့် ထူးခြားနေတာ တစ်ခုရှိတယ်။ ဥပမာ အိမ်က ပိုမှန်ထက် ပိုပြီး ရှုပ်ရှက်ခပ်နေတာမျိုး‌ပေါ့

ကြမ်းခင်း‌ပေါ်လှိမ့်တတ်တဲ့ husky မရှိတော့ဘူး။ ဒါပေမယ့် ဝံပုလွေလို နားရွက်ကလေးတွေ ထောင်ပြီး မြေပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ကောင်လေး တစ်ယောက် ရှိနေတယ်။ သူ့လက်က အမှိုက်ပုံးကို ကိုင်ထားတယ်။

လှုပ်လှုပ်ရှားရှား အသံတွေကြားတော့ ဝံပုလွေနားရွက်နဲ့ ကောင်လေးဟာ လှည်ကြည့်လာပြီး နောက်တော့ ချန်းရန်ဆီကို ခုန်အုပ်လိုက်တယ်။

ချန်းရန်ကို သူက ကြမ်းခင်းပေါ် လှိမ့်ချလိုက်တယ်။

လူငယ်လေးက သူ့အိမ်မှာ ရှိတဲ့ ခွေးလေးလို ပြုမူနေတယ်။ တစ်ခုပဲ husky ခွေးက လျှာနဲ့ သူ့မျက်နှာကို လျှာနဲ့ လျှက်လေ့ရှိပေမယ့် ဒီကောင်လေးကတော့ လျှာနဲ့ မလျှက်ဘဲ မွတ်သိပ်စွာ နမ်းနေတယ်

ချန်းရန် က သူ့ရဲ့လက်ကို သတိမမူစွာနဲ့ ဝံပုလွေ နားရွက် နဲ့ ကောင်လေးရဲ့ ခါးကို ဖက်မိသွားတယ် ပြီးတော့ သူ ဘာမှ မဝတ်ထားတာကို တွေ့လိုက်ရတယ်။

အာ.... အသားအရေက နူးညံ့လိုက်တာ

သူ့ရဲ့ husky ခွေးလေးက လူသားဖြစ်သွားတာပဲ ချန်းရန်ဟာ ဒီအချက်ကို လက်ခံလိုက်ရတယ်။

ဒါပေမယ့် ကောင်လေးဟာ husky ခွေးလေးအဖြစ်ကိုတော့ ပြန်မပြောင်းနိုင်တော့ဘူး။ ပြီးတော့ ချန်းရန် ဒီ အချက်ကို လက်ခံဖို့ အချိန် တစ်ပတ်လောက် ယူလိုက်ရတယ်။

ချန်းရန်က programmer တစ်ယောက်။ သူက code တွေ ရေးတာ အရမ်းတော်တယ်။ အခုလောလောဆယ် သူ ကြိုက်တဲ့အရာတွေမရှိဘူး။ ဆိုတော့ သူ့မှာ လတိုင်း မသုံးတဲ့ ပိုက်ဆံတွေ အများကြီးတယ်။

အခုဆို သူ့ပိုက်ဆံတွေ သုံးဖို့ နေရာရှိလာပြီ။

သူဟာ နေ့စဉ် husky လေးရဲ့ နေ့စဉ်လိုအပ်ချက်တွေကို အဆင့်မြင့်လိုက်ပြီးတော့ လူတိုင်းလိုပဲ သူ့ကို ဆက်ဆံပေးတယ်။

Husky လေးက အရမ်းသန့်ပြန့်‌ခန့်ညားပြီး မကြာခင်မှာပဲ လူမှုပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေစွာ နေနိုင်သွားတယ်။ ဉာဏ်ကောင်းပြီး ခွေးတစ်ကောင်ကနေဖြစ်လာတယ်ဆိုတာ ထင်စရာကိုမရှိဘူး။

✅A Short Story Myanmar Translation {Complete}Where stories live. Discover now