(ပြန်လည်မွေးဖွားခြင်း)
"ရှောင်ဖေး!!!ရှောင်ဖေး
ထပ်မအိပ်နဲ့တော့.. ကျောင်းသွားရဦးမှာကို!!"ရုတ်တရက် သူ့ကိုယ်ပေါ်က ခြုံစောင်ကို ဆွဲဖယ်ခံလိုက်ရခြင်းကြောင့် တစ်ခုခု လစ်ဟာသွားသလို ခံစားလိုက်ရသည့်အပြင် သူ၏ ဖင်နှစ်ဖက်ကိုလည်း လက်ဝါးဖြင့် ခပ်စစ ချခံလိုက်ရသလို။
လင်ယိဖေး သူ့မျက်လုံးတို့ကို အသာအယာဖွင့်ကြည့်မိတော့ ရင်းနှီးနေပါသော ပြတင်းလိုက်ကာစတို့ကို အရင်မြင်ရသည်။
သူ့နားထဲ၌လည်း အမေဖြစ်သူက အော်ဟစ်ဆဲဆိုနေတဲ့ အသံတို့က ကြီးစိုးလျက်..."ဟမ်!!" လင်ယိဖေးလည်း ထထိုင်မိတဲ့အထိ ဖြစ်သွားရကာ...
ဒါဘယ်နေရာလဲ??
"အခုချက်ချင်း ကျောင်းကဆရာတစ်ယောက်ယောက်စီ အကြောင်းကြားထားလိုက်ဦး
မင်းဘာသာမင်း အဲ့ကျောင်းကို ကြိုက်ကြိုက်မကြိုက်ကြိုက် ငါစိတ်မ၀င်စားဘူး
အဲ့ကျောင်းမှာ အပ်ခွင့်ရဖို့ ငါတို့ဘယ်လောက်တောင် လုံးပမ်းလိုက်ရလဲ?
မိဘတွေဖက် နည်းနည်းပါးပါး ငဲ့ကြည့်ပါဦး"လင်ယိဖေး ပြတင်းပေါက်အပြင်ကို တစ်ဖန်ထပ်ကြည့်လိုက်မိတော့ ခပ်ဟောင်းဟောင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် မူးရူးနေတဲ့ အရက်သမားတစ်ယောက်ကို တွေ့ရ၏။
ပြီးတော့ ဒီအခန်း...
ရွှံ့စေးရောင် လိုက်ကာတွေနှင့် ရုတ်တရက်ကြည့်ရင် ခိုလှောင်အိမ်နဲ့ ခပ်ဆင်ဆင်ဒီအခန်းကလည်း..
လင်မိသားစုတွေ အမေရိကန်ပြည်ထောင်စုထဲ ၀င်လာပြီးတဲ့နောက် ကွင်းစ်မြို့မှာ ငှားထားခဲ့တဲ့ အိမ်အိုကြီးထဲကမလား?သူ့လက်တွေကိုလည်းသူ ငုံ့ကြည့်လိုက်မိသည်။
ဘာလို့ဒီ လက်တွေက အဲ့လောက်တောင် သေးနေရတာလဲ?
လင်ယိဖေး အိပ်ရာမှထရင်း ရေချိုးခန်းဆီ ခပ်သုတ်သုတ် ထွက်လာပြီးသည့်နောက် ရေချိုးခန်းမှန်မှာ မြင်နေရတဲ့ သူ့ရုပ်သူ ကြည့်မိပြီး မင်သက်နေခဲ့မိသည်။
မှန်ထဲရှိ ထိုလူသားလေးက အသက် ၁၁ နှစ် ၁၂ နှစ်သာသာ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြွက်သိုက်ဆံပင်ပုံစံနဲ့ ကလေးလေးတစ်ယောက်
YOU ARE READING
//ဓားသွားမြမြ အချစ်လှလှ// (Completed)
RomanceRebirth to Childhood~ Total Chapters - 80