(မင်း ငါ့ကိုသင်ပေးလို့ရမလား?)
လင်ယိဖေးရဲ့ ခန္ဓာကိုယ်က စိတ်ထက် အရင် တုံ့ပြန်သွားပြီး သူ့ဘေးနား မြေပြင်ပေါ်မှာကျနေတဲ့ သံပိုက်တစ်ချောင်းကို ကောက်ယူလိုက်ကာ မိုတယ်ရှေ့က အနိုင်ကျင့်နေတဲ့ လူကြီးဆီ ပြေးသွားလိုက်ပြီး ထိုလူရဲ့ ကျောပြင်ကို အား ပြင်းစွာနဲ့ သံပိုက်ဖြင့် ရိုက်ချလိုက်မိသည်။
ထိုလူကြီးက လှည့်လာပြီး ဆဲရေးတိုင်းထွာ၏။
"မင်းမေ-ိုးပဲ"လင်ယိဖေးက သူ့ရဲ့လက်မောင်းတစ်ဖက်ကို လူကြီးက လာမကိုင်နိုင်ခင်မှာပဲ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် ထိုလူရဲ့ ရင်ဘတ်ဆီ ဆောင့်ကန်လိုက်သည်။
ကျန်တဲ့လူကြီးတစ်ယောက် ချုပ်ထားတာ ခံထားရတဲ့ ခရစ်တစ်ယောက် အခုလိုနေရာမျိုးမှာ လင်ယိဖေးက ဘယ်လိုနည်းနဲ့ ပေါ်လာပါလိမ့် အဖြေရှာ၍ပင် မရ ဖြစ်နေလျက်။
"ဟေး ဂျက်ခ် ဒီအာရှသားလေးကို အမြင်မှန်ရအောင် နည်းနည်း ဆုံးမလိုက်ဦး"
ခရစ်ကို ချုပ်ထားတဲ့ လူကြီးက လင်ယိဖေးရှေ့က ထိုလူကိုအော်ပြောလိုက်ခြင်းပင်.....
"ဒီမှာ ကောင်လေး...မင်းကိုယ်မင်း သံပိုက်ကိုင်ထားတော့ ဘရု့စ်လီ ဖြစ်သွားပြီများ အောက်မေ့နေတာလား??"
လင်ယိဖေးက လက်ထဲက သံပိုက်ကို လှလှပပ ဝှေ့ယမ်းလိုက်သည်။
သံပိုက်ကို ခြယ်လှယ်နေတဲ့ကောင်ငယ်လေးရဲ့ မျက်နှာမှာ ပေါ့တီးပေါ့ပျက် အမူအရာမျိုး လုံး၀ မရှိနေချေ။
ထို့နောက် ကောင်လေးက သံပိုက်ရဲ့ အဖျားကို တစ်ဖက်လူဆီ ဦးတည်လိုက်သည်။
ပတ်၀န်းကျင်က ဆွံ့အမှုတို့ကြောင့် အပ်ကျသံပင် ကြားနိုင်သည့်အလားဂျက်ခ်က ခဏလောက် အကဲခတ်ပြီးနောက် လင်ယိဖေးလက်ထဲက သံပိုက်ကို ဆွဲလုဖို့ပြင်လိုက်ပေမယ့် သံပိုက်က သူ့လက်ကောက်၀တ်ကနေ တစ်ပတ်လည် လျှိုထွက်သွားရင်း သူ့ပခုံးတစ်ဖက်ဆီကို တစ်ချက်ဆီ လာရောက် ရိုက်ခတ်သည်။
ထိုဂျက်ခ်အမည်ရ လူရဲ့ မျက်နှာမှာ ဒေါသအရှိန်က တစ်စထက် တစ်စ တိုးပွားလာတော့၏။"အခုတင် သုံးသွားတဲ့အကွက်ကို တစ်ဖက်ရန်သူကို တုံ့ပြန်တိုက်ခိုက်တဲ့ တန်ပြန်သက်ရောက်ကွက်လို့ ခေါ်တယ်"
လင်ယိဖေးက အမေရိကန်လေသံနှင့် စာကြောင်းတို့ကို ပီပီသသ ထုတ်ပြောလိုက်သည်။
သူပြောချင်သည့် ရည်ရွယ်ရာလူက ဒီလူဆိုးကြီးပေလား ခရစ်ကို ပြောလိုက်ချင်းပေလား မသဲကွဲသော်လည်း....
YOU ARE READING
//ဓားသွားမြမြ အချစ်လှလှ// (Completed)
RomansaRebirth to Childhood~ Total Chapters - 80