မနက်သုံးနာရီရထား
ထိုကောင်လေးဟာ လက်ထဲမှ ထူးဆန်းသည့်အရာကိုအိတ်ထဲပြန်ထည့်လိုက်ရင်း တစ်ဖက်ခုံမှကြောင်ဝဝကြီးအားလှမ်းကြည့်လိုက်သည်။ ကြောင်ကြီးကသတင်းစာကိုသာအာရုံစိုက်နေပုံရသည်။ထိုကောင်လေးက ဂျောင်ဂုဘေးတွင်ဝင်ထိုင်လိုက်သည်။
"မင်းကဘယ်သူ..?"
"ဂျောင်ဂုပါခင်ဗျ၊ဂျွန်ဂျောင်ဂု အကိုနဲ့ကျနော်နဲ့ငယ်ငယ်ကသိကြဖူးပါတယ်ခင်ဗျ၊ "
"အင်း..ဟုတ်လား ဟုတ်မှာပါ မင်းကငါ့နာမည်သိနေတာဆိုတော့"
"ဒါ..ဒါပေမဲ့"
"ဒါပေမဲ့ ဘာလဲ ငါကသေပြီးသွားပြီလို့ပြောမလို့လား"
ဂျောင်ဂုကမျက်လုံးအဝိုင်းသားဖြင့်ကြည့်နေမိသည်။ ထယ်ယောင်းကထိုပုံစံအားသဘောကျရယ်လေသည်။
"ဟုတ်တယ် ငါကသေပြီးသွားပြီလေ"
"ဒါဆိုကျနော်ကလဲသေ..သေသွားတာလားဟင်"
"ဟားဟားဟားဟား"
"ဘာ..ဘာဖြစ်လို့လဲခင်ဗျာ?"
"ဟေး ..မင်းအသက်ဘယ်လောက်ရှိပြီလဲ?"
"၁၈နှစ်ပါခင်ဗျ"
"လူပျိုတောင်ဖြစ်နေပြီကို ဘာလို့ကလေးလိုစကားပြောနေတာလဲ ဟားဟားဟား"
"ယဉ်ယဉ်ကျေးကျေးပြောတာပါခင်ဗျာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ၁၈ဆိုတာသေဖို့အရမ်းငယ်သေးတယ်မလား၊ မသေသင့်သေးပါဘူး"
"ဟုတ်..ဟုတ်ကဲ့"
"မင်းမသေသေးပါဘူး၊ စာရင်းထဲလဲနာမည်မပါဘူး လက်မှတ်လဲမရခဲ့ဘူးမဟုတ်လား"
"ဟုတ်ကဲ့"
"ဒါနဲ့ မင်းကဘယ်လိုလုပ်ရထားကိုမြင်ရတာလဲ?"
"လိပ်ပြာလေးတွေနောက်လိုက်ခဲ့တာပါ"
"ဪ ရေတံခွန်ကလိပ်ပြာတွေလား"

YOU ARE READING
3A.M Train
Fantasíaမနက်သုံးနာရီတိတိမှာ တောင်တွေကြားကနေ ရထားတစ်စီးဖြတ်သွားတတ်တယ်။ ရွာခံကောင်လေးတစ်ယောက်ပဲအဲ့ရထားကိုမြင်ရတယ်တဲ့။