အိမ်ပြန်လာတဲ့လမ်းပေါ်မှာရှောင်ကျန့်တျောက်အိပ်၍လိုက်လာသည်
ရိပေါ်အိမ်ရောက်လို့ဘေးနားကရှောင်ကျန့်ကိုကြည့်မိတော့အိပ်ပျော်နေလိုက်တာ
ဘယ်လောက်တောင်များပင်ပန်းနေတာလည်းခလေးရာရိပေါ်သူ့စိတ်ထဲကရှောင်ကျန့်ကိုခလေးလို့သုံးမိတယ်
ရိပေါ်ကိုယ့်ကိုကိုယ်အံ့သြမိတယ်
တစ်ချိန်တည်းလည်း
သူ့ကြောင့်ငါ့ချစ်သူနဲ့ကွဲခဲ့ရတာဆိုတဲ့စိတ်၀င်လာခဲ့တယ်တွေးမိရင်းဒေါသဖြစ်ကာ
ရှောင်ကျန့်ကိုအော်ပြီးနိုးလိုက်တယ်ရှောင်ကျန့်......ရှောင်ကျန့်.......ထတော့အိမ်ရောက်ပြီ
အိပ်ချင်ရင်အထဲမှာသွားအိပ်တော့
မြင်ပျင်းတယ်ဟုတ်ကိုကို
ရှောင်ကျန့်စိတ်ထဲတော့တွေးမိသွားတယ်ခုနကတော့ချိုချိုသာသာနဲ့ကောင်းနေတာခုကျတော့ဖြစ်သွားပြန်ပြီကျန့်ကျန့်ရဲ့အပျော်လေးတောင်ဆုံးအောင်မပြောလိုက်ရပါလား
ငါကိုကတုံးတာပါမဖြစ်နိုင်တာကြီးကိုမျှော်လင့်ပြီး
ကိုကိုရဲ့ခနတာဂရုစိုက်မှုတွေမှာသာယာမိတာ
ငါရူးနေတာဘဲ
တွေးရင်းနဲ့ရှောင်ကျန့်မျက်ရည်ကျမိပါသည်
ယောက်ျားဘေးတန်မဲ့မျက်ရည်ကျ ပျော့ညံ့တယ်လို့ထင်ချင်ထင်ကြလိမ့်မယ်
ဒါပေမဲ့
ရင်ထဲကနာကျင်လွန်းရင်မျက်ရည်ဆိုတာအလိုလိုကျလာတယ်ရှောင်ကျန့်ဆက်မတွေးချင်တော့ပါ
တနေ့လုံးလည်းပင်ပန်းထားလို့အိပ်ပျော်သွားတယတဖက်မှာလည်းဂနာမငြိမ်ဖြစ်နေတာကရိပေါ်ရယ်ပါ
ငါဘာလို့သူ့ကိုသနားနေရတာလည်းဒါကသု့ရွေးချယ်မှုလေ
သူများတွေကြည့်ရင်ဘာလို့သ၀န်တိုနေတာလည်း
သူ့ဖာသူဘယ်သူကြည့်ကြည့်ပေါ့ဘာလို့သူ့အတွက်စိတ်ပူပေးနေရတာလဲ
သူ့ဖာသာဘာဖြစ်ဖြစ်ပေါ့
မသိတော့ဘူးကွာ.....ငါသူ့ကိုမုန်းရမှာလေဘာလို့ပြန်သနားနေရတာလဲ
ငါမတွေးချင်တော့ဘူး.....
ရိပေါ်လည်းတွေးရင်းအိပ်ပျော်သွားခဲ့တယ်...
နောက်နေ့မနက်ကျ....
ရှောင်ကျန့်သူ့အလုပ်အတိုင်းဘဲမနက်စာပြင်ပေးနေတယ်.....
YOU ARE READING
One Day
Fanfictionကျွန်တော်က ကိုကို့အတွက်လိုသုံးဘဲ Xiao Zhan. . ငါ့အမုန်းကိုသိရဲ့နဲ့လက်ထပ်ခဲ့တဲ့မင်းခံနိုင်ရည်ရှိအောင်ကြိုးစားထား.. Wang Yibo