ကိုကိုနဲ့ကျန့်ကျန့်စကားမပြောဖြစ်တာကြာပေါ့....
ခုလည်းခရီးသွားတယ်တဲ့.....ကျန့်ကျန့်တောင်မသိလိုက်ရပါလား.......
ကုမ္ပဏီ ကိုဖုန်းဆက်မေးမှသိရတယ်....ကိုကိုကတကယ်ရက်စက်တယ်....
ကိုကိုဘက်ကမလိုချင်ဘူးပြောတဲ့တနေ့ကျန့်ကျန့်ဘက်ကထွက်သွားပေးမှာပါ....ကျန့်ကျန့်ကကိုကို့ဘ၀အတွက်အဲ့လောက်တောင်အနောက်အယှက်ဖြစ်နေတာလား.....
တကယ်နာကျင်ရပါတယ်...ရှောင်ကျန့်တွေးရင်းဘဲအိမ်ကိုပြန်လာခဲ့တယ်....
ခြံတံခါးကြီးကပွင့်နေတော့ကိုကိုများပြန်လာပြီလားဆိုတဲ့အတွေးလေးနဲ့ပြေးကြည့်မိပါတယ်.....အိမ်ထဲရောက်တော့.....စောင့်ကြိုနေတာက......ကိုက ိုတော့မဟုတ်.....
ရူးလိုက်တာကျန့်ကျန့်ရာ.....မဖြစ်နိုင်တာကိုဘာလို့များမျှော်လင့်မိတာလဲ
...
စောင့်ကြိုနေသူကကိုကို့ရဲ့မား.........သားကျန့်လေး.......ရောက်လာပြီလား.....မားကစောင့်နေတာ......
မား.....ဘယ်တုန်းကရောက်နေတာလဲ.. ....
နေ့ခင်းကတည်းနဲ့ပါ....
သားကခရီးထွက်နေတော့ကျန့်လေးတျောက်ထဲနေရတာပျင်းနေမှာစိုးလို့ပါ.....မလာလည်းရပါတယ်.....မားကလည်း....ကျန့်ကျန့်ကနေနေကျဘဲ......
မားကစိတ်ပူလို့ပါ.....သားရေသွားချိုးတော့....
မားညစာပြင်ထာ်း...ပြီးကျစားရအောင်.....
ဟုတ်မား.....
ရှောင်ကျန့်စကားပြောရင်းထလိုက်တာ.....လူကမူးလုဠှိဲကျမလိုဖြစ်သွားတယ်.......
သား.....ဘာဖြစ်တာလဲ......
ဘာမှမဖြစ်ပါဘူးမားရယ်.....ဒီရက်ပိုင်းအစားအသောက်ပျက်နေလို့ပါ.....
သားကြည့်ရတာလည်းမျက်နှာကဖြူဖပ်ဖြူရော်....နေများကောင်းရဲ့လား...သားရယ်........
မဖြစ်ပါဘူး......သားကိုယ်တိုင်ဆရာ၀န်ဖြစ်နေရင်တောင်သားကကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူး.....
မားရဲ့မိသားစုဆရာ၀န်နဲ့ပြရအောင်နော်......
ရပါတယ်.. .မားကလည်း...နားလိုက်ရင်ပျောက်သွားမှာပါ.......
YOU ARE READING
One Day
Fanfictionကျွန်တော်က ကိုကို့အတွက်လိုသုံးဘဲ Xiao Zhan. . ငါ့အမုန်းကိုသိရဲ့နဲ့လက်ထပ်ခဲ့တဲ့မင်းခံနိုင်ရည်ရှိအောင်ကြိုးစားထား.. Wang Yibo