[ Unicode ]
2021 December 26
" မင်းကိုအလုပ်ဖြုတ်လိုက်ပြီ "
သူမနားကိုသူမယုံနိုင်ဖြစ်သွားရတယ်
" ဘယ်..ဘယ်လို? "
" ငါပြောတာကမင်းကိုအလုပ်ဖြုတ်လိုက်ပြီ "
မနေ့ညကမြင်ကွင်းတွေကမျက်လုံးထဲအစီအရီတိုးဝင်လာတယ် အရက်ခွက်တွေ.. တူးနေပြီဖြစ်တဲ့အကင်တွေ..မသတီစရာရုပ်နဲ့လူရဲ့ နားကြားမြင်ကပ်စရာရယ်သံတွေ.. မလိုက်ဖက်သည့်ဆံပင်နဲ့အသက်ကြီးကြီးအမျိုးသမီးရဲ့ဒေါသမျက်ဝန်းတွေ စပ်သွားတဲ့ပါးနဲ့အတူ နာကျင်သွားတဲ့ခေါင်းရဲ့ဦးရေပြားအဆုံး..။
" နစ်နာတဲ့လူက ကျွန်မလေ ဒါကိုရှင်ကကွျွန်မကိုအလုပ်ဖြုတ်တယ်? "
" ငါမင်းကိုမဖြုတ်ရင်.."
" ၈နှစ် ဘတ်ဂျင်ဆောင်းရဲ့ ကျွန်မရဲ့အချိန်၈နှစ်လုံးလုံးကို ဒီ Company မှာမြုပ်နှံခဲ့ရတာ ကျွန်မနောက်မှဝင်လာတဲ့လူတွေအကုန် ကျွန်မအထက်လူကြီးတွေဖြစ်ကုန်တဲ့အချိန်ကျွန်မကအလုပ်ထုတ်ခံရတယ်!? ရှင့်ကိုငြင်းခဲ့တာနဲ့ပဲ! ရှင့်မိန်းမအထင်လွဲသွားတာနဲ့ပဲ! ရှင်က! "
ကိုယ်စားလှယ်ဖြစ်တဲ့လူရဲ့စကားမဆုံးခင်မှာပဲ သူမဖြတ်ပြောလိုက်တယ် ဘတ်ဂျင်ဆောင်းက ရွံစရာကောင်းတဲ့လူ အိမ်ထောင်ရှိရက်နဲ့ မိန်းမငယ်လေးတွေအပေါ်တိမ်းညွှတ်နေတဲ့မသတီစရာကောင်းတဲ့လူ..
" ဘာလဲ ငါကငါ့မိန်းမကိုအလုပ်ဖြုတ်ရမှာလား ငါ့မိန်းမရာထူးကနေလား? "
ထိုလူကစိတ်ပျက်သလိုရယ်ရင်းပြောတယ်
သူမဆက်ပြီးသည်းမခံနိုင်တော့ ဒီအလုပ်တည်မြဲဖို့ရာသည်းခံခဲ့သမျှအတိုင်းတာက ကျော်လွန်တယ်ဆိုတာထက်ကို ပိုကျော်လွန်သွားခဲ့..။" အခုကျွန်မဒါကိုမလုပ်ရင် အိပ်မပျော်ဖြစ်နေမယ်ထင်တယ် "
အနည်းငယ်ဆဲရေးလိုက်ပြီး သူမခြေထောက်ကိုထိုလူရဲ့ခေါင်းဆီ တစ်ပတ်လှည့်ရင်းဝှေ့ယမ်းလိုက်တယ်..ချက်ချင်းလဲကျသွားဒါကြောင့် ထပ်မံဆဲရေးလိုက်ရင်း ငြီးတွားနေတဲ့ထိုလူရဲ့ဝမ်းဗိုက်ကို ခြေထောက်ဖြင့်အားနဲ့ဖိချလိုက်တယ် ။
