[ Unicode ]
2022 January 1
ခပ်စူးစူးကျရောက်နေတဲ့နေရောင်ကြောင့် သူမမျက်ခွံတွေကိုအသာဖွင့်ကြည့်လိုက်တယ် မြင်နေရတဲ့နေရာဟာအစိမ်းသက်သက်..။ မြက်ခင်းပြင်ကျယ်ကြီးထဲလှဲလျောင်းနေပြီး သူမဘေးပတ်ပတ်လည်မှာ သစ်ပင်တွေကဝန်းရံလို့နေတယ်..။
အသာထရပ်လိုက်ပြီးပတ်ဝန်းကျင်ကိုသေချာကြည့်နေမိပေမယ့် ဘယ်ကိုရောက်နေမှန်းသူမကိုယ်တိုင်တောင်မသိ..။
တစ်ခဏအတွင်းမှာပဲ တောက်ပနေတဲ့ကောင်းကင်ကရုတ်ချည်း မှောင်မိုက်သွားတယ်..သစ်ရွက်တွေလှုပ်မနေပါပဲနဲ့တိုက်ခတ်နေတဲ့လေကပြင်းလှသည် သစ်ပင်တွေကြားထဲကနေသူမကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေအများကြီးရှိနေသလိုပါခံစားလာရတယ် ။
" ငါ့ ဆီ ကို လာ ခဲ့ "
သူမနားနားကပ်ပြီးစွဲညို့ခေါ်ယူလိုက်သလိုမျိုးအသံ..အမှန်တစ်ကယ်ထိုအသံမှာတောနက်ထဲကလာမှန်း သူသေချာသိနေသည် ။ မြေပြင်ပေါ်ထိုင်ရက်လဲကျသွားကာ စိတ်တွေမွန်းကြပ်လာပြီးခေါင်းတွေပါထိုးကိုက်လာတယ်..တောနက်ထဲကဆိုးဆိုးရွားရွားအော်သံတွေနဲ့ မိန်းမတစ်ယောက်ရဲ့သူမကိုခေါ်သံကကြားနေရဆဲ ။
" ငါ့ ဆီ ကို လာ ခဲ့! "
ထိုမိန်းမရဲ့အသံမှာဒေါသတွေပါဝင်လာပြီဖြစ်တယ်
" ငါ့ အ မိန့် ကို နာ ခံ ငါ့ ဆီ လာ ခဲ့ "
ဒေါသသံနဲ့အော်ပြောနေတဲ့ထိုမိန်းမရဲ့အသံကတစ်ဖြည်းဖြည်းနီးကပ်လာတယ် အနောက်ကိုထိုင်ရက်ကြောက်လန့်တစ်ကြားရွေ့မိနေရင်း ဘာလုပ်ရမှန်းမသိတော့
တောထဲကနေလာတဲ့သူမရှေ့က မီးခိုရောင်ငွေ့တွေကြောင့် နှုတ်ခမ်းကိုသာတင်းတင်းစေ့ထားမိရင်းမျက်ဝန်းတွေကိုပိတ်အံ့ဆဲဆဲမှာ မီးခိုရောင်အငွေ့တွေကြားမှာရုပ်လုံးပေါ်လာတဲ့ထိုအမျိုးသမီးရဲ့မျက်နှာ..။
" ဂျူဟွန်း! "
လမ်းပျောက်နေတဲ့ကလေးလေးတစ်ယောက် အုပ်ထိန်းသူကိုပြန်တွေ့လိုက်ရသလိုမျိုး လုံခြုံသွားပြီဆိုတဲ့စိတ်ခံစားမှု့နှင့်အတူ နွေးထွေးသွားတဲ့မီးစတွေပေါ်ထွန်းရာနေရာ..။
