Chapter1: From seeing comes loving

77 5 0
                                    

မီနာရှုထောင့်

ထိုယောက်ျား​၏ ခန့်ညားလှပသောကျောပြင်ကျယ်ကြီးကို တွေ့ရသည်။ကိုယ်နေကိုယ်ဟန်မှာလည်း မော်ဒယ်တစ်ယောက်ကဲ့သို့ပင်။လက်ရန်းပေါ်တွင် လက်နှစ်စုံကို တင်ထားကာ လောကကြီးတွင် သူတစ်ကိုယ်သာရှိသကဲ့သို့ ရေပြင်ကြီးအားငေးမောနေသည်။ကျယ်ပြောလှသောရေပြင်ကြီး​၏ဘေးပတ်လည်ကို မိုးမျှော်တိုက်တာများက ဝန်းရံထားသည်။အရာခပ်သိမ်းကိုကား ကောင်းကင်ပြာကြီးမှ လွှမ်းခြုံထားသည်။ထိုကောင်းကင်ပြာနဲ့အတူ အဖြူရောင်တိမ်များက ယှဉ်တွဲလျက်ရှ်ိသည်။
ထိုနေ့ကား သာယာသောနေ့ဖြစ်သည်။

ကင်မရာတစ်လက်သည် မည်မျှပင် အရည်အသွေး
ကောင်းစေကာမူ သဘာဝမျက်လုံးကိုကား မမှီပေ။
ရေပြင်ကျယ်ကြီးနဲ့ ထိုယောကျာ်းသည် ဓာတ်ပုံကင်မရာထဲတွင် ဤမျှပြီးပြည့်စုံသော မြင်ကွင်းဖြစ်လျှင် ပကတိကား မည်မျှလှရက် မည်နည်းဟုအောက်မေ့မိသည်။အချိန်အတော်ကြာ ထိုကျော
ပြင်အား ငေးမောနေမိသည်။

ငေးနေမိသူမိမိ​၏ မျက်လုံးနှင့်ကိုယ်ခန္ဓာတို့သည်
ထိုကျောပြင်မှ တစ်ဖဝါးမှမခွာချေ။နောက်ဆုံး၌
ကျောပြင်ပိုင်ရှင်သည် မိမိရှိရာအရပ်သို့ မျက်နှာမူခဲ့ပေပြီ။သို့ပေမယ့် မိမိမှာတော့ မူလပုံစုံအတိုင်းသာ။ထိုသူသည်ဖြည်းငြင်းသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်။မိမိရှိရာအရပ်သို့
လျှောက်လာလေသည်လား?

ခြေတစ်လှမ်းပြီးတစ်လှမ်း လှမ်းလို့လာသည်။
နီးကပ်သော အကွာအဝေးရောက်မှ မိမိ​၏အသိတရားများ  တိုးဝင်လာကာ လက်ထဲတွင်ရှိသော
ကင်မရာဖြင့် တောင်ရိုက်မြောက်ရိုက် ရိုက်လိုက်
သည်။

မိမိ​၏ပခုံး၌ လက်ချောင်းဖြင့်ပုတ်သော အထိအတွေ့ကို ရရှိသည်။ထိုအထိအတွေ့သည် မိမိအား ရုတ်တရက်ဆိုသလို လန့်ဖြန့်စေကာ လက်ထဲရှိ
ကင်မရာသည် ကမ္ဘာမြေကြီး​၏ ဆွဲအားအတိုင်း အောက်သို့ကျလေသည်။

လျင်မြန်သောလက်တစ်စုံကြောင့် ကင်မရာလေးမှာ ဖျက်စီးခြင်းတရားမှ လွတ်မြောက်လေသည်။ကင်မရာအား ထိုလူလက်မှယူလိုက်ပြီး "ကျေးဇူးတင်ပါတယ်(အာရီဂတိုဂိုဆိုင်းမာရှီတ)"ခါးကိုင်းကာ ပြောလိုက်သည်။

What's love?(အချစ်ဆိုသည်မှာ)Where stories live. Discover now