မင်းနဲ့ ငါ့ရဲ့....

1.4K 148 8
                                    

ယူကလစ်ပင်တွေရဲ့ ခေါင်ဖျားမှာ တစ်တီတူးငှက်လေး
တွေ နားလို့ ..

သစ်ရွက်ခြောက်လေးတွေလဲ မြေပေါ်မှာ တလိမ့်လိမ့်
လွင့်လို့နေပါတယ် ..

အဲ့ဒီ့နေ့ဟာ ကျောင်း ပထမဆုံးနေ့ပေါ့ ...

ကျောင်းပရဝုဏ်ထဲ ခြေလှမ်းတွေ စတင်ချမိတော့ ..
သစ်ရွက်ခြောက်လေးများရဲ့ အော်သံဟာ ငါ့နှလုံး
ခုန်သံတွေလောက် ကျယ်လောင် မနေခဲ့ဘူး ..

တရိပ်ရိပ် ဖြတ်သန်းသွားလာနေတဲ့ လူရှုပ်ရှုပ်နဲ့မို့
ကျောင်းတော်ကြီးက ဒီနေ့မှာတော့ ထူးထူးဆန်းဆန်း ပျော်နေလောက်မယ် ထင်သား ..

သစ်လွင် အတောက်ပဆုံး အပြုံးတွေနဲ့ ရယ်သံလွင်
လွင်တွေဟာ ကျောင်းဆောင်ခန်းမကြီးမှ တဆင့် ငါ့ဆီ
ကို စိတ်လှုပ်ရှားစွာ လူးလွင့်လာကြတယ် ..

ငါလဲပဲ သူတို့တွေလို တောက်တောက်ပပ ပြုံးဖို့ ကြိုး
စားတော့မယ်လို့ တွေးမိပြန်တော့ အရင်ကျောင်းမှာ
ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို သတိတချက် တီးခေါက်
မိတယ်လေ ..

သူတို့လဲ first day of uni မို့ တက်တက်ကြွကြွ ကျောင်း
တက်နေလောက်ပြီပေါ့ ..

ငါကတော့ ကျောင်းအသစ်မှာ ခြေလှမ်းအသစ် လွယ်
အိတ်အသစ် အင်္ကျီအသစ် ဘောင်းဘီအသစ် စိတ်သစ်
လူသစ် အဲ့လို အသစ်သစ်ပေါင်းများစွာနဲ့ အရာရာကို အသစ်ကနေ အစပြုတော့မယ်လို့ ကြံရွယ်ထားတယ်

အရင်တုန်းက ငါ့ပုံစံက ရိုးရိုး ကုပ်ကုပ်နဲ့ ကမ္ဘာကြီးကို
ခေါင်းပေါ်ရွက် ထားရတဲ့ လူလို အမြဲ စိတ်ညစ်ပြီး စိုးရိမ်
စိတ်ကြီးလွန်းတဲ့ မပျော်ရွှင်တတ်တဲ့ အူကြောင်ကြောင်
ကောင်လေးတစ်ယောက်ဖြစ်ခဲ့တာ ..

စကားအပြောကောင်းသူ မဟုတ်တော့ တခုခုပြောဖို့ဆို တွန့်ဆုတ်တတ်တဲ့ အကျင့်ဆိုးကြောင့် စိတ်ဝင်စားစရာ
နည်းတဲ့ ငါက အပေါင်းအသင်းလဲ မဆန့်ခဲ့ဘူး ..

သူတို့ထင်တာက ငါဟာ ပေါင်းရ ၊ သင်းရခက်သူ..
အခြေကြီးပြီး မာနကြီးတဲ့ သူ ..

ဒါတွေကို လိုက်မဖြေရှင်းခဲ့ပေမယ့် ငါ့ဘေးနား ရောက်
လာတဲ့ လူတိုင်း အပေါ်မှာတော့ အရိုးစင်းဆုံး နှလုံးသား
နဲ့ ဆက်ဆံ ပေါင်းသင်းခဲ့တယ် ဆိုတာတော့ သေချာမှတ်
မိတယ် ..

Silent Words 🍁{ Short Story }☑️Where stories live. Discover now