ဇာတ်သိမ်းမဟုတ်ပါ ..

813 127 34
                                    

အဲ့ဒီလိုနဲ့ပဲ နေ့ရက်တွေက သူတို့ကိုယ် သူတို့ ဘာမှ မသိ
ပဲ ကုန်ဆုံးပစ်ခဲ့ကြတယ် ..

ပြက္ခဒိန်တစ်ရွက်ဆိုတာလဲ ခဏလေးပဲ ..

ကျောင်းတက် ကျောင်းဆင်း ချိန်တွေလဲ တရွေ့ရွေ့
ပဲ့ကြွေကုန်ရင်း ..

နွေမဟုတ် မိုးမဟုတ်နဲ့ ခပ်ရှုပ်ရှုပ် ရာသီတစ်ခုကို
ရောက်လာခဲ့တယ် ..

မှတ်မှတ်ရရ အဲ့ရာသီက မင်းမွေးတဲ့ လရာသီလေးတဲ့ ..

" မင်း အတွက် .. "

" ဟာ .. ဂီတာလေး !!! "

ငါ မွေးနေ့ လက်ဆောင်ပေးတဲ့ ဂီတာလေးမြင်တော့
မင်းက နှုတ်ခမ်းပါးလေးနဲ့ ဖွယ်ဖွယ်ကလေး ပြုံးပြီး
မျက်လုံးလေးတွေ အရောင်လက် ဝိုင်းဆက်သွားတယ်
လေ ..

ငါသိတာပေါ့ .. ဂီတာလေး တစ်လက် မင်း သိပ်လိုချင်
နေတာကို ..

အခု အပိုင်ရသွားပြီဆိုတော့ မင်း သိပ်ပျော်နေမှာပဲနော်

ငါက မင်းထက်တောင် ဆောက်တည်ရာမရ ပျော်နေ
ပါသေးတယ် ..

မင်း ဆန္ဒသေးသေးလေး တစ်ခုကို ဖြည့်စည်းပေးနိူင်
ခဲ့လို့ပေါ့ ..

ဒါပေမယ့် တိုးတိုး တိတ်တိတ်လေးပဲ ပျော်မှာပါကွယ်

" ကျေးဇူးပဲ .. ဆော့ဂျင် .. !! "

မင်းက ဂီတာလေးကို တီးခေါက်ကြည့်ရင်း ပြုံးပြုံးရွှင်
ရွှင်ရွှင်ပြောလာတယ် ..

သိပ်ပျော်နေတဲ့ပုံလေးနဲ့ပေါ့ ..

အဲ့အပြုံးတွေကို ငါက မြင်ယောင်ရ ..
ရင်ခုန်ရ ..
လွမ်းမောရ ..
ကြေကွဲရ ..
ပင့်သက်ရှိုက်နေရ ..
သက်ပြင်းပူတွေ မှုတ်ထုတ်ရင်း နွမ်းလျခွေကျရ ... ။

" ဘာလို့ ပေးတယ် " ဆိုတဲ့ သံသယ မျက်လုံးတွေနဲ့
ငါ့ကို ကြည့်မလာခဲ့ဘူးနော် ..

အင်းပေါ့လေ .. မင်းကတော့ ထင်မှာပေါ့ .. ဒီအတိုင်း
သူငယ်ချင်း အချင်းချင်း မွေးနေ့လက်ဆောင်ပေးတာလို့

အမှန်တော့ ဒီလက်ဆောင်လေးက အဲ့လို အဓိပ္ပါယ်
ထက် အဆပေါင်းများစွာ နက်ရှိုင်းလွန်းပါတယ်ကွယ် ..

အဲ့တာတွေကို မင်း သိမှာ မဟုတ်ပါဘူး ဂျောင်ကုရာ
မင်း သိအောင်ပြောဖို့ အခွင့်အရေးလဲ ရှိလာမယ် မထင်
ပါဘူး ..

Silent Words 🍁{ Short Story }☑️Where stories live. Discover now