ငိုနေတဲ့ ငါ့မှာ ..

687 110 4
                                    

" စာ ပြအုံး "

စကားလေး တစ်ခွန်းက ငါ့ရင်ဘတ်ထဲထိ တိုးဝင်လာ
နိူင်မယ်လို့ ဘယ်နတ်ဘုရားတွေက နိမိတ်ပေးခဲ့ပါ့မလဲ

မင်းကတော့ အဲ့လိုလေး ပြောပြီး ငါ့ ကမ္ဘာကြီးထဲ ဝင်
လာခဲ့တာ ..

မင်းဟာလေ စာမေးတာတောင်မှ ခပ်ချောချောပုံစံက
မပျောက်ဘူး . စကားပြောတော့လဲ ခပ်ပြတ်ပြတ်ကြီး

အဲ့လိုလေးတွေနဲ့ပဲ မင်းနဲ့ငါ ရိုးရိုးရှင်းရှင်း သူငယ်ချင်း
တွေ ဖြစ်ခဲ့ကြတာနော် ..

မင်းနဲ့ ငါ သူငယ်ချင်းဖြစ်ပြီးတဲ့ နောက် ကျောင်းဝန်း
ထဲက ဥယျာဉ်လေးထဲမှာ မကြာခဏ တွေ့ဖြစ်ကြ
တယ်လေ ..

" မင်း မျက်နှာလဲ မကောင်းပါလား ?! "

မင်း အနား ဝင်ထိုင်ပြီး ငါမေးမိတော့ ..

" အေးကွာ .. ငါ့အဖေက ဂီတာတီး သင်တန်း မတက်
ခိုင်းလို့ .. သူက ငါ သီချင်းဆိုတာကို မကြိုက်ဘူး "

ဘာမှ အကြံမပေးနိူင်ပဲ မင်း အပူတွေ ခွဲယူ မင်း ဘေး
မှာ ခပ်ကုပ်ကုပ်ထိုင်ပြီး ခေါင်းလေးကုတ်နေရပေမယ့်
မင်း မျက်နှာပျက်နေတာနဲ့တင် ကမ္ဘာတခြမ်းလောက်
ကြေနေပါပြီ .. ဂျောင်ကုရယ် ..

အဲ့တာကို မသိသလို မင်းက ..

" မင်းကရော ဘာဖြစ်နေတာလဲ .. ?! "

" မင်း စိတ်ညစ်လို့ လိုက်ညစ်နေတာလေ .. "

" အမ် .. !!! "

အဲ့လိုလေး ပြူးကြောင်ပြောပြီးမှ နှုတ်ခမ်းပါးလေးနဲ့
တသောသော အော်ရယ်ပါရောလား ..

အဲ့လိုလေး ရီနေတဲ့ မင်းကလေ သိပ်ကလေးဆန်မှန်း
တဖြည်းဖြည်း သိလာတယ် ..

စကားပြောလို့ စူထွက်လာတဲ့ နှုတ်ခမ်းလေးကလဲ
အို .. အသည်းယားစရာလေးကွာ ..

တစ်ခုခု လိုချင်၊သိချင်ရင်လဲ ဇွတ် ..

ဂျီမင်းက မင်းကို လူကြီးဆန်တယ်လို့ ပြောပေမယ့်
ငါကတော့ မင်းကို ကလေးလေးလို့ပဲ မြင်မိတယ် ..

နွေးထွေးမှုတွေ ၊ ပျော်ရွှင်မှုတွေ ငတ်လင့်နေတဲ့
လိုအပ်နေတဲ့ ကလေးလေး တစ်ယောက်ပေါ့ ..

Silent Words 🍁{ Short Story }☑️Where stories live. Discover now