ဒီနေ့ မားမားရဲ့မိဘတြွေဖစ်သော ရှောင်းကျန့်ရဲ့ အဖိုးအဖွားတွေဆီရောက်နေခြင်းဖြစ်သည်။ ခဏတဖြုတ်လာလည်ခြင်းမျိုးမဟုတ်ပဲ အပြီးပြောင်းရွှေ့လာခြင်းဖြစ်သည်။ ပါးပါးဆုံးသွားတာကြောင့် မားမားနဲ့ရှောင်းကျန့်နှစ်ယောက်ထဲ နယ်မှာနေဖို့ အဆင်မပြေလို့ ဘေကျင်းမှာရှိသော အဖိုးအဖွားတို့ဆီမှာ နေထိုင်ဖို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ မားမားရဲ့ဇာတိကဘေကျင်းဖြစ်ပေမယ့် ဆရာဝန်ဖြစ်တဲ့ပါးပါးတာဝန်ကျရာ ချုံးချင်းမှာသွားရောက်နေထိုင်ရခြင်းဖြစ်သည်။ ရှောင်းကျန့်ကိုလည်းချုံးချင်းမှာပဲမွေးဖွားခဲ့ခြင်းဖြစ်သည်။
အိမ်ထဲမှာ လူကြီးတွေ စကားပြောနေကြတာမို့ ရှောင်းကျန့်က အလိုက်တသိပဲ ခြံထဲဒန်းလေးပေါ်မှာ လာထိုင်နေခြင်းဖြစ်သည်။ ရှောင်းကျန့်က အသက်၁၀နှစ်ဆိုပေမယ့် မိဘတွေရဲ့ သွန်သင်ဆုံးမမှုကောင်းတာကြောင့် လိမ္မာရေးခြားရှိသော ကလေးငယ်တစ်ယောက်ဖြစ်သည်။
ဒန်းလေးပေါ်ထိုင်ရင်း ပုံဆွဲစာအုပ်လေးနဲ့ ကြောင်ပုံလေးဆွဲနေတဲ့အချိန် ခြေထောက်ကို တစ်စုံတစ်ခုက အရှိန်နဲ့လာထိသည်။သူလန့်ပြီးကြည့်လိုက်တော့ ဘောလုံးလေး တစ်လုံး။
"တိုတိုက ဘူတူရဲ?"
အသံကြားလို့ကြည့်လိုက်တော့ ကလေးငယ်လေးတစ်ယောက်။ ကလေးငယ်က ပါးလေးနှစ်ဖက်ဖောင်းကားကာ လုံးလုံးတစ်တစ်နဲ့ချစ်စရာကောင်းလွန်းသည်။ရှောင်းကျန့်ကိုလည်း စိတ်ဝင်တစား စူးစမ်းနေသေးသည်။
"ကလေးလေးကရောဘယ်သူလဲ?"
"တားနံမည်က ဝမ်အိပေါ်, ဟိုဘက် အိမ်မှာနေရယ်၊အတက်က ဖိုက်ရီယား၊ အေ၊ဘီ၊ချီ၊တီ အရမ်းကျွမ်း"
ကလေးငယ်က နှုတ်ခမ်းလေးတထော်ထော်နဲ့ ပြန်ဖြေသည်။ ချစ်စရာကောင်းလွန်းလို့ ဖျစ်ညှစ်ပစ်ချင်စရာလေး။
"အော်, ဘေးအိမ်ကလား၊ ကိုကို့နံမည်က ရှောင်းကျန့်ပါ၊ ကိုကိုကရှောင်းဖွားဖွားရဲ့မြေးလေ၊ အိပေါ်လေးက ဒီကိုဘာလာလုပ်တာလဲ"
"အိပေါ်ဟုတ်ဘူး၊ အိပေါ်"
"အင်းလေ အိပေါ်"
"ဟုတ်ပါဘူးချို နံပတ်ဝမ်းရို့ထော်တဲ့ အိ"
"အော် ရိပေါ်လား?"
"အွန်း"
"ရိပေါ်လေးက ဘာလာလုပ်တာလဲ?"
YOU ARE READING
Crush အစ်ကိုကြီးအား အပိုင်သိမ်းခြင်း ( One shot )
General Fictionရှောက်မကြောနဲ့ နာ့တိုတိုက နံပတ်ဝမ်း အရှောဆုံး