🌊 အခန်း - ၁ 🌊
74 20 4
Unicode
" ထည့်စားလေ ကလေး "
ကြီးမားကျယ်ပြန့်တဲ့ စားပွဲဝိုင်းပေါ်က ငါးကောင်လိုက်ကင်တွေ ပင်လယ်သတ္တဝါလေးတွေအာကြည့်ကာ ရင်ထဲမှာစို့နင့်လို့လာသည် ။
လူတွေရဲ့အစာက ဘာလို့အပြစ်မဲ့တဲ့ တိရိစ္ဆာန်လေးတွေပဲဖြစ်နေတာလဲ ။
" ရွမ် စားလေ "
" ဟင့်အင်း "
ဝေ့ဝဲလာတဲ့မျက်ရည်စလေးတို့အား လက်ခုံဖြင့်ဖိသုတ်ကာ ခေါင်းခါပြလိုက်တော့ သူကနားမလည်စွာ ငေးမောလို့နေသည် ။
" ဘာဖြစ်လို့လဲ မကြိုက်လို့လား "
" ငါဒါကိုမစားဘူး "
" ဟမ် "
" ကလေးက ဒါကိုမကြိုက်ဘူးထင်တယ် ။ အန်တီတစ်ခုခုလုပ်ပေးမယ် "
" ငါ အသားမစားဘူး "
" ဟမ် အွန်း အွန်း အန်တီ အရွက်ကြော်ပေးမယ် "
" အင်း "
ဂျဲနို့အမေကြော်ပေးတဲ့ အရွက်ကြော်အား စားရန်တွေးတောမိပေမဲ့ မျက်စိရှေ့က တုတ်ချောင်းနှစ်ချောင်းကိုကြည့်ကာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိ ။
ဂျဲနို့ကို မျက်လုံးပင့်ကြည့်လိုက်တော့ ထိုတုတ်ချောင်းနှစ်ချောင်းကိုကိုင်ကာ ထမင်းနဲ့ဟင်းကို ယူခတ်စားနေသည် ။
ဒါကအဲ့လိုစားရတာလား ။
အားကျမခံ တုတ်နှစ်ချောင်းကို လက်ကြားညှပ်ကာ အရွက်ကြော်ကို လှမ်းယူလိုက်တော့ ချော်ချော်ထွက်၍နေသည် ။
" အာ "
" အဲ့လိုကိုင်ရတာမဟုတ်ဘူး ရွမ်ရဲ့ ။ ဒါနဲ့စား"
လက်ထဲကတုတ်ချောင်းတွေအားယူကာ ခပ်စရာတစ်ခုကိုထည့်ပေးလေသည် ။
ငါ့လက်အပေါ်က သူ့လက်တွေ အုပ်မိုးကိုင်ကာ ဟင်းအချို့ကိုခပ်၍ထည့်ပေးလေသည် ။
" များများစား "
သူ့မျက်လုံးလေးတွေကထူးဆန်းတယ် ။
ရယ်လိုက်တာနဲ့ ဘာလို့ လခြမ်းပုံစံကွေးကွေးလေး ဖြစ်သွားရတာလဲ ။
" သားကိုကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ကလေး "
လက်ကိုဆုတ်ကိုင်ပြီး ဘာတွေကိုပြောနေတယ် အသေအချာနားမလည်ပေမဲ့ ပြုံးပြီးငါခေါင်းညိတ်ပြမိတယ် ။