Chapter 2

12 3 0
                                    

(Unicode)

သူလေးရဲ့အပြုံး

ငယ်ငယ်ကမြင်ခဲ့ရတဲ့ကျွန်တော့်အမေရဲ့နွေးထွေးတဲ့အပြုံးကိုမမေ့သလိုကျွန်တော့်အစ်မပြုံးပြတတ်တဲ့အေးချမ်းတဲ့အပြုံးကိုလည်းသဘောကျမိတယ်။ဒါပေမဲ့ကျွန်တော်တွေ့နေကျဖြစ်နေခဲ့တဲ့သူလေးရဲ့မတူညီတဲ့အပြုံးလေးတစ်ခုချင်းစီတိုင်းကရင်ထဲမှာစွဲနေတယ်။အဲ့တာကကျွန်တော်သေတဲ့အချိန်ထိရင်ထဲမှာကျန်နေမယ်ဆိုတာကတော့အသေအချာပါပဲ။

သူလေးကိုစတွေ့ခဲ့တာကကျွန်တော်ကျောင်းသွားနေကျဖြစ်တဲ့လမ်းလေးတစ်လမ်းမှာပါ။သူ့ကိုစွာကျယ်ကျယ်မိန်းကလေးနှစ်ယောက်ကနှိပ်စက်နေခဲ့တာ။ကြည့်ရတာလူတွေကလည်းမသိချင်ယောင်ဆောင်သွားတဲ့ပုံပါပဲ။ကျွန်တော်မနေနိုင်လို့သွားပြီးအဲ့မိန်းကလေးနှစ်ယောက်ကြားကနေသူ့ကိုကယ်လိုက်တော့သူလေးက"ကျေးဇူးပါ"လို့ဖြူစင်တဲ့အပြုံးလေးနဲ့ပြောတယ်။သူ့အကြောင်းကိုမေးကြည့်တော့သူကသာမန်ဆင်းရဲတဲ့အဖမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့အဲ့မိန်းကလေးနှစ်ယောက်ကသူ့အမေရဲ့အလုပ်ရှင်ဖြစ်ခဲ့ဖူးတယ်။သူ့ကို့နှိပ်စက်လို့သူ့အမေကအဲ့အလုပ်ကထွက်လိုက်တာတောင်မှသူ့ကိုလာအနိုင်ကျင့်တုန်းပဲ၊ကျွန်တော်သူတို့နှစ်ယောက်ကိုပညာပေးလိုက်လို့နောက်မနှိပ်စက်ဖို့မျှော်လင့်ရတာပဲလို့ပြောပြီးဖျော့ဖျော့လေးပြုံးပြတယ်။ဒါနဲ့ကျွန်တော်လည်းနေ့တိုင်းသူနဲ့တွေ့ဖြစ်လာတယ်။သူကခင်ဖို့ကောင်းတယ်။ပြီးတော့သူနဲ့သိလာလေလေသူ့ကိုပိုပြီးချစ်ခင်လာလေလေပါပဲ။သူနဲ့တစ်နှစ်လောက်ထိ တွေ့ပြီးတဲ့အခါမှာရုတ်တရက်ပျောက်သွားခဲ့တယ်။စုံစမ်းကြည့်တော့သူ့အမေကဆုံးသွားပြီးတော့သူလည်းပျောက်သွားခဲ့တယ်တဲ့။

ကျွန်တော်ဆယ်နှစ်ကျော်ကြာတော့သူ့ကိုပြန်တွေ့ခဲ့တယ်။အတိအကျဆိုရင်တော့၁၅နှစ်ကြာပေါ့။ပြန်တွေ့တဲ့အချိန်မှာအေးစက်စက်အပြုံးနဲ့ဖြစ်နေခဲ့ပြီ။ကျွန်တော်သူ့ကိုပြန်တွေ့တာကစားသောက်ဆိုင်တစ်ဆိုင်မှာသူဌေးတစ်ယောက်နဲ့စကားပြောနေခဲ့တာ။ကြည့်ရတာကျွန်တော့်ကိုသူမမှတ်မိဘူးထင်ခဲ့တာကျွန်တော်နဲ့မျက်နှာချင်းဆိုင်မိတာတောင်မှသူတစ်ချက်မပြုံးပြခဲ့ဘူး။သူတို့နှစ်ယောက်စကားပြောပြီးသူဌေးဖြစ်ပုံရတဲ့လူထွက်သွားတော့သူ့မျက်နှာထက်မှာအေးစက်စက်အပြုံးလေးဖြစ်နေလို့။

Her SmileWhere stories live. Discover now