Chapter 1

33 5 0
                                    

(Unicode)

ဒိုင်ယာရီစာအုပ်လေးတစ်အုပ်

အေးငြိမ်းဝေနွေရာသီကျောင်းပိတ်ရက်တွင်အိမ်မှာမနေလိုသောကြောင့်ဦးလေးအိမ်တွင်တစ်လနေမည်ဖြစ်သည်။သူ့ဦးလေးကလည်းလာနေဟုဆိုသောကြောင့်ယခုထိုအိမ်သို့ရောက်နေခြင်းပင်။သူဒီအိမ်တွင်နေရသည်ကိုအလွန်နှစ်သက်ပါ၏။အကြောင်းမှာအိမ်သည်မြို့၏ဆင်ခြေဖုံးတွင်ရှိကာအိမ်မှာသိပ်မကျယ်သောငြားခြံကျယ်ကျယ်တွင်အပင်မျိုးစုံစိုက်ထားသောကြောင့်ဖြစ်၏။

အိမ်သို့ရောက်သောအခါတွင်ဦးလေးဖြစ်သောဦးမိုးတင်ကကြိုဆိုသည်။

"အေးငြိမ်းရောက်လာပြီပဲ ဦးငယ်ကသမီးကိုမျှော်နေတာ"

"ကားလမ်းပိတ်နေတာနဲ့နောက်ကျသွားတာပါ ဦးငယ်"

"ကားလမ်းပိတ်တာကတော့မပြောချင်တော့ပါဘူးကွာ သမီးနေမယ့်အခန်းကိုဦးငယ်လိုက်ပြပေးမယ်"

"ဟုတ်"

ဦးငယ်မှာတစ်ကိုယ်တည်းသမားလူပျိုကြီးဖြစ်ကာအိမ်တွင်လည်းတစ်ယောက်တည်းသာနေသည်။အိမ်ဖော်ပင်မထား။အိမ်ဝေယျာဝစ္စများကိုလည်းကိုယ်တိုင်လုပ်ကာဥယျာဥ◌်ကိုလည်းသူကိုယ်တိုင်ပျိုးလေ၏။သူ့ကုမ္ပဏီအားသူ့ခဲအိုဖြစ်သောအေးငြိမ်းအဖေအားလွှဲထားကသူသည်မှာတစ်ခါတစ်လေမှကုမ္ပဏီအားရောက်လာပေသည်။အဘယ်ကြောင့်ဤသို့နေနေပါသနည်းကိုအမေကမေးသောအခါတွင်လည်းဘာမှရေရေရာရာမဖြေ။

ဦးငယ်လုပ်ပေးထားသောအခန်းလေးမှာသပ်ရပ်ကာနေချင်စဖွယ်ပင်။သူနွေကျောင်းပိတ်ရက်တွင်လာနေသောအခါတိုင်းဦးငယ်ကဒီအခန်းလေးအားသေချာပြင်ဆင်ပေးတတ်သည်။တစ်နှစ်နှင့်တစ်နှစ်အခန်းအပြင်အဆင်မှာလည်းမတူညီတတ်ပါ။ထိုအိမ်ရောက်သောအခါတွင်အခန်းအပြင်အဆင်အားရင်ခုန်စွာမျှော်နေမိသည်။

ဒီနှစ်အတွက်အခန်းပုံစံလေးမှာနံရံအားခရမ်းနုနုခြယ်ထားပြီးကုတင်တွင်ဝက်ဝံရုပ်ကြီးတစ်ရုပ်ချထားသည်။စာအုပ်စင်အသေးစားလုပ်ပေးထားကာထိုစာအုပ်စင်တွင်စာအုပ်များအပြည့်အစီအရီနေရာယူထားသည်။ကျွန်းဗီရိုတစ်လုံးမှာစာအုပ်စင်နားတွင်ဟီးဟီးကြီးရှိနေ၏။နံရံတွင်လည်းရေတံခွန်ပုံတောတောင်ရှုခင်းပန်းချီချိတ်ဆွဲထားကာသူ့အတွက်ပန်းချီဆွဲရန်ပန်းချီပစ္စည်းများအားအခန်းထောင့်တစ်နေရာတွင်ချထားပေး၏။

Her SmileWhere stories live. Discover now