အခန်း (၃)

3.4K 102 0
                                    

အရာအားလုံးဟာ အဲ့ဒီ‌ေန့က စခဲ့တာ...

ရော်ရွက်ဝါလေးတွေ တဖြုတ်ဖြုတ်ကြွေကျနေတဲ့ ဆောင်းဦးရာသီ။ ရွက်ဝါလေးတွေက
က သစ်ပင်ပေါ်ကနေ မြေပြင်ကို တရွေ့ရွေ့ ကြွေကျနေတယ်။ Rose မျက်လုံးထဲတော့ သစ်ရွက်တွေကြွေနေပုံက ဘဲလေးအကမယ်လေးတွေ ကနေသလိုပဲ။ အဲ့‌‌နေ့တုန်းက Rose တစ်ယောက် အနီနဲ့အနက် ရောထားတဲ့ plaid skirt ၊ အဖြူရောင် tank top ၊ နောက်ပြီးကျ အပေါ်ကနေ မီးခိုးရောင် jacket လေးတစ်ထည် ထပ်ဝတ်ထားတယ်။ ကျောင်းဝန်းထဲ ဟိုကြည့် ဒီကြည့်နဲ့ ဘယ်သူက ဘယ်သူမှန်းလဲ မသိသေးဘူး။

“ ဟေး …  မင်းက ကျောင်းသူသစ်လား ”

ဟိုဒီလိုက်ကြည့်နေတုန်း ဘေးနားကနေ လှမ်းမေးတဲ့အသံကို ကြားလိုက်ရတယ်။ သူ လှည့်ကြည့်လိုက်တော့ သူ့ကိုလှမ်းမေးတဲ့သူက ကောင်လေးတစ်‌ယောက်ဖြစ်နေတယ်။ Rose ထက်တော့ အသက် နည်းနည်း ပိုကြီးတဲ့ပုံပဲ။

“  ကြည့်ရတာ ကျွန်မက သူများတွေထက် မျက်လုံးထဲ ပိုထင်းနေတယ်နဲ့ တူတယ် ”

“ အင်း … ။ မင်းက သိပ်လှတာကိုး ”

သူ့ကို လှမ်းကြည့်ရင်း ကောင်လေးက ပြုံးပြီး ပြန်ဖြေတယ်။

Rose လည်း ပြန်ပြုံးပြရင်း ပေါ့ပေါ့ပါးပါးပဲ နူတ်ဆက်လိုက်တယ်။

“ နောက်ဆို ကျွန်မကို Rose လို့ ခေါ်လို့ရပါတယ် ”

နူတ်ဆက်ဖို့ ကမ်းလိုက်တဲ့ လက်ကို ဖြေးဖြေးလေးဆုပ်ကိုင်ပြီး နမ်းလိုက်တယ်။ ရိုမီယိုက ကပွဲညမှာ ဂျူးလိယက်ရဲ့လက်ကလေးကို နမ်းပြီး နူတ်ဆက်သလိုမျိုးပဲ ။

“ ကျွန်တော့်ကိုလည်း နောက်ဆို Tyler လို့ပဲခေါ်ပါ ”

အဲ့နေ့ကတည်းစပြီး Rose တစ်ယောက် ချစ်မိသွားခဲ့တယ်။ Tyler ကို ပိုင်ဆိုင်ရတာက လက်တွေ့ဘဝထဲ သူ့တစ်ဦးတည်းအတွက် သီးသန့်ဖြစ်တည်နေတဲ့ ရိုမီယိုကို ပိုင်ဆိုင်ရသလိုမျိုး၊ ဒစ္စ‌နေးပုံပြင်တွေထဲက Prince Charming နဲ့အတူရှိနေရသလိုမျိုး အရာအားလုံးက ချိုမြိန်ပြီး လှပနေတယ်။ ဘဝမှာ တစ်ခါမှ ဒီလောက်ထိ ကြည်နူးပီတိ ဂွမ်းဆီထိ ဖြစ်မနေဖူးဘူး။

----------------------------------

ကျောင်းဆင်းကပွဲနေ့ …

အဲ့နေ့က Rose ငွေရောင်ဂါဝန်လေးနဲ့ ပုလဲလည်ဆွဲလေးကို ဝတ်ထားတယ်။ ဆံပင်‌ကို ရေလှိုင်းတွေလို ကောက်ထားတယ်။ Tyler ကတော့ အနက်တိုင်းဝတ်စုံအပြည်နဲ့ မိမိုက်နေကောပဲ။ Tyler က Rose ကို ပြုံးပြရင်း ကျောင်းကပွဲညကို အတူတူ ကခဲ့ကြတယ်။ သူ့လက်ကို ဆုပ်ကိုင်ထားရတဲ့အခိုက်အတန့်မှာ ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုမျိုး အဲ့ညရဲ့ အချိန်တွေကလည်း ရပ်တန့်သွားတယ်။ ကပွဲလည်း ပြီးကော အစီအစဉ်တင်ဆက်သူက နောက်ဆုံးပိတ်အနေနဲ့ ဒီညရဲ့ Prom King and Queen ကို ကြေငြာပေးဖို့ စင်ပေါ်တက်လာတယ်။

လွတ်လမ်း ကမ်းမရှိ ( Myanmar Translation)Where stories live. Discover now