Unicode

931 126 0
                                    

Note: ဒီ one shot လေးက Hayzel ပါဝင်ထားတဲ့
"oc ရင်း လှူ" donation project လေးထဲက
work တစ်ခုပဲဖြစ်ပါတယ်။

တောင်းဆိုထားတဲ့ plotလေးကို ကိုယ်တိုင်လည်း သဘောကျလို့ wattpad မှာ ပြန်တင်ဖို့အတွက် ခွင့်တောင်းပြီး
စာလုံးရေနည်းနည်း ထပ်editပြီး တင်လိုက်ပါတယ်။

ပြန်တင်ဖို့ ခွင့်ပြုပေးတဲ့ ညီမကိုလည်း ကျေးဇူးအများကြီး
တင်ပါတယ်နော်။

ပေါ့ပေါ့ပါပါးပဲမို့ အတူ လိုက်ပါ စီးမျောရင်း သဘောကျဖို့
မျှော်လင့်ပါတယ်။ စစချင်းမှာတင် note နဲ့ မျက်စိရှုပ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်><💜






နှင်းဆီနီနီတွေနဲ့အတူ နှလုံးသားတစ်စုံကိုပါ ဆွတ်ယူသွားခဲ့သူရေ~

"မမလေး....ဒီလောက်နဲ့ပဲတော်ပါတော့ ဟိုက သိသွားရင်
ဘယ်လောက်တောင် အမျက်တော်ရှမဲ့ ကိစ္စကြီးလဲ!!"

"ခဏလေး....နှစ်ပွင့်ပဲလိုတော့ပါတယ်ဆို ညည်းစိတ်ပူမနေနဲ့
ဘာအမျက်တော်မှမရှဘူး ဒီဘက်စံအိမ်ကို တစ်ခါမှ မလာပါဘူးဆို"

နှင်းဆီပန်းတွေကို တစ်ပွင့်ပြီး တစ်ပွင့် လိုက်ချိုးနေတဲ့ မမလေးဆိုသူဟာ အိမ်ရှေ့စံကို စောင့်ရှောက်တဲ့ အကြီးအကဲ
အိမ်​တော်ရဲ့ တစ်ဦးတည်း​သောသမီးလေး ပိုး ဖြစ်သည်။

အလုပ်ကြိုးစားသူ ဖခင်ကြောင့် အိမ်ရှေ့စံဖြစ်သူက သူ့ရဲ့
အပန်းဖြေစံအိမ်အနီးမှာ အိမ်နဲ့ယာနဲ့ ချီးမြှင့်မြောက်စားလိုက်
တာကြောင့် လောလောလတ်လတ် အိမ်အသစ်ရဲ့ အနီးအနားကို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လျှောက်သွားနေတော့
သည်။

တစ်ဦးတည်းရှိတဲ့ သမီးလေးမို့ အလိုလိုက်ထားတာမို့ အကြောက်အလန့်မရှိ အပန်းဖြေစံအိမ်ထဲမယ် ပွင့်နေတဲ့ နှင်းဆီပန်းခင်းတွေထဲကို လှစ်ခနဲ ရောက်ရောက်သွားတတ်သည်။

အိမ်ရှေ့စံမင်းသားလေးကို တစ်ခါမှမမြင်ဖူးပဲနဲ့ ဒီ စံအိမ်
ဘက်ကို လုံးဝမလာပါဘူးဆိုပြီး တထစ်ချ ယုံကြည်ထားပုံရသည်။​ခေါင်းနားပန်းကြီးနေတဲ့ အစေခံမိန်းမလှ​လေးကို မရမက ဆွဲခေါ်ရင်း ရဲရဲနီနေတဲ့ နှင်းဆီတွေကို လိုက်ချိုးနေတာများတွေ့ရင် အိမ်ရှေ့စံက ဘယ်လောက်တောင်
အမျက်တော်ရှလိုက်မလဲ။

A Pocket Full of Rosies (One Shot)Where stories live. Discover now