ကြယ်တွေနဲ့အတူခရီးသွားခြင်း (Unicode)

358 14 1
                                    

ကြယ်တွေအတူခရီးသွားခြင်း

ပုံမှန်ကတော့ပုံပြင်တွေက ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာနဲ့စတတ်ကြတာပဲ။ ဒါမှမဟုတ်လည်းတိုင်းပြည်ကြီးတစ်ပြည်ပေါ့။ အခုပုံပြင်လေးကလည်း သဲကန္တာရလေးထဲကရွာလေးတစ်ရွာကနေစခဲ့တာပါ။

သဲတောင်တွေကြားထဲမှာ မြစ်ရေစီးနေတဲ့ဒီချိူင့်ဝှမ်းလေးကို သဲရွာ လို့ပဲနာမည်လွယ်လွယ်ပေးလိုက်ကြတယ်။ ရွာလေးကသိပ်မကြီးပေမယ့် ခြေသလုံးအိမ်တိုင်ခရီးသွားတွေရဲ့ နားဇရပ်ကနေနေအိမ်လေးဖြစ်လာတယ်။ သူတို့မှာဆိတ်တွေရှိတယ်။လားတွေရှိတယ်။ ကောက်ပဲသီးနှံတွေရှိတယ်။ ရွာသားတွေဟာအချင်းချင်းရိုင်းပင်းကြတယ်။ အလိုလောဘကင်းတဲ့
နိဗ္ဗာန်ဘုံလေးတစ်ခုလိုပဲ။ ကြာလာတဲ့အခါမှာတော့ ခရီးသွားတွေဟာ ဒီ အိုအေစီရဲ့အပြင်ဖက်က ဒုက္ခတွေကိုရင်ဆိုင်ဖို့်ကြောက်ရွံပြီး ကိုယ်ပိုင်နိဗ္ဗာန်ဘုံလေးထဲမှာပဲပျော်နေကြတော့တယ်။

''ကြယ်တွေကပေါက်ကွဲပြီး အစိုင်အခဲသေးသေးလေးတွေအဖြစ်နဲ့ကမ္ဘာမြေပေါ် ကြွေကျလာတာကို ဥက္ကာခဲလို့ခေါ်တယ်။ ဒီအိုအေစစ်ရဲ့အပြင်မှာ ကြယ်တွေဟာ မရေမတွက်နိုင်အောင်တည်ရှိနေတယ်။ ​သဲမြစ်ကဘယ်အရပ်မှာဆုံးတယ်လို့မင်းတို့ထင်လဲ ။ ဒီရွာအပြင်ဖက္်မှာ ဆန်းကျယ်တဲ့လောကကြီးတစ်ခုတည်ရှိနေတယ်ဆိုရင်ရော မင်းတို့မမြင်ဖူးတဲ့ အပြေးမြန်တဲ့ခြေလေးချောင်းသတ္တဝါတွေ ပျော့ပြောင်းတဲ့အမွှေးရှည်သတ္တဝါတွေ အရောင်စုံတဲ့ငှက်တွေ ပြီးတော့ ပြီးနူးညံ့တဲ့အသီးအနှံတွေရောပေါ့ ''

မျက်လုံးတွေတဖျက်ဖျက်လက်နေတဲ့ကလေးတစ်သိုက်ဟာ ပုံပြောသူရဲ့လက်ချောင်းတွေအရွေ့မှာ စိတ်ကူး
ယဥ်ကမ္ဘာထဲမှာ မျောလွှင့်နေကြတယ်။
''အဲ့ဒီမှာ အမေချက်တဲ့ဆိတ်သားဟင်းတဲ့ကောင်းတာရှိလား ''
ဆံပင်တစ်ခြမ်းပြောင်နေတဲ့ ကလေးက လျှာကိုသပ်ရင်းမေးတယ်။ ပုံပြောသူရဲ့အဖြေမှာ သူဟာသွားရည်တွေကိုလက်နဲ့သုတ်လိုက်ရတယ်။

''ဒါပေါ့ အရသာရှိပြီးမွှေးကြိုင်တဲ့စားစရာတွေအပြင် ပိုမာတဲ့မြေကြီးတွေနဲ့ အဆုံးမရှိတဲ့စိမ်းလန်းနေတဲ့မြက်ခင်းပြင်ကျယ်ကြီးတွေရောပေါ့။ ''

Melting in fantasy [Mini Stories]Where stories live. Discover now