Chapter 1(part 1)သူက စီးကရက်ဘူးထဲမှ စီးကရက်ကိုထုတ်လိုက်ပြီး ပါးစပ်ထဲသို့ထည့်လိုက်သည်။စီးကရက်ကိုမီးမညှိခင် Zhou Xingကစီးကရက်ဘူးကို သူ့ဘေးမှာရှိသည့် Xu Ze ၏လက်ထဲသို့ပစ်ပေးလိုက်သည်။Xu Zeကလက်ကိုရမ်းပြလိုက်ပြီး သူဆေးလိပ်မသောက်ကြောင်းပြောလိုက်သည်။သူကရှင်းပြလိုက်သည်။
"ငါအခုတလောနေလို့မကောင်းလို့ ဆေးလိပ်မသောက်ချင်ဘူး"
Zhou Xingကစီးကရက်ဘူးကိုပြန်ယူလိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ကလစ် ဆိုသည့်အသံနှင့်အတူ စီးကရက်ကိုမီးညှိလိုက်ပြီး အသက်ဖြေးဖြေးလေးရှူသွင်းကာ မီးခိုးရောင်အငွေ့တွေကို ရှူထုတ်လိုက်သည်။ဆေးလိပ်ငွေ့တွေက လေထဲတွင် တွန့်လိမ်စွာနှင့် တက်လာခဲ့ပြီး သူ့ဆီသို့တိုက်ရိုက်သွားသွားသော်လည်း ထူထဲလှသည့် ဆေးလိပ်ငွေ့ကြီးကို Xu Ze ရနေဆဲဖြစ်သည်။ဆေးလိပ်ငွေ့ကြောင့် သူဗိုက်နာလာသော်လည်း များများမပြောဘဲ ခေါင်းငုံ့ကာနွေးနေသောရေခွက်ကို ယူလိုက်ပြီးတစ်ငုံချင်းဆီ သောက်နေလိုက်သည်။ဆန့်ကျင်ဖက်အနေဖြင့် Zhou Xingကမျက်လုံးတွေကိုမှေးထားပြီး Xu Zeကိုကြည့်နေသည်။ Xu Zeတွင် အံ့ဩစရာကောင်းလောက်အောင် ခံ့ညားသောမျက်နှာလေးရှိသည်။သူရဲ့ တည်ညိမ်ပြီးတိတ်ဆိတ်သည့်စရိုက်ကြောင့်သာမဟုတ်လျှင် ကျောင်းမင်းသားလေးဆိုသည့်ခေါင်းစဉ်က အစောကတည်းက သူ့လက်ထဲရောက်နေလောက်ပြီဖြစ်သည်။လှပ၍ ကြည့်ကောင်းသောမျက်ခုံး ၊ အနီရောင်နှုတ်ခမ်းပါး ၊ဖြူဖွေးသောသွားတန်းလေးများ ၊ မက်မွန်ပုံမျက်ဝန်းများမှ ရေကြည်လေးများနှင့် အလွန်လှပသော အမျိုးသားတစ်ဦးဖြစ်သည်။တကယ်လို့ ဘာခံစားချက်အမူအရာမှရှိမနေလျှင်တောင်မှ ညို့ဓာတ်အပြည့်နှင့် နှစ်လိုဖွယ်ကောင်းပြီး လူကိုနားလည်ရခက်စေသည်။
Xu Ze ကကြည့်ကောင်းသည့်ပုံပန်းသွင်ပြင်ရှိရုံမက သူ့တွင်အလွန်လှပသောအရိုးတွေလည်းရှိသည်။နဖူးကိုကြည့်လိုက်လျှင် လှပမှုသေးသေးလေးကိုတောင် ဝိုးတိုးဝါးတားမြင်နိုင်သည်။Xu Zeတွင် လှပမှုများစွာရှိသော်လည်း သူ့လိုဘယ်တော့မှ မမောပန်းနိုင်သည့်လူကတော့ အနည်းငယ်သာရှိသည်။ကံကောင်းတာက သူအဖြောင့်ဖြစ်နေလို့ပင် မဟုတ်လျှင် သူအစောကြီးထဲက Xu Zeကိုလိုက်ခဲ့ပြီးပြီဖြစ်သည်။
YOU ARE READING
Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)
RomanceThe story is not mine. It's just a translation. Credit to the original author and English translator. Credit photos.