Chapter 6(part 1)

949 164 12
                                    

Yang Yan ကသူ့ဗိုက်ထဲက ကလေးကိုဝယ်ဖို့ 10မီလီယံကမ်းလှမ်းလာတော့ သူထိတ်လန့်သွားခဲ့သည်။အစကတော့ သူနောက်နေတာဖြစ်မယ်လို့ထင်ခဲ့ပေမယ့် ထိုအမျိုးသား၏ အေးစက်နေသောမျက်နှာကိုတွေ့တော့မှ သူအမှန်ကိုပြောနေမှန်း သိလိုက်ရသည်။Yang Yan ၏မိသားစုနောက်ခံက ဘယ်လိုလဲဆိုတာ သူသိသည်။Yang Yan စီးနေတဲ့ကားတောင်မှ မီလီယံပေါင်းများစွာတန်သည်။ဒါတောင် သူ့မှာကားတစ်စီးထည်းရှိတာမဟုတ်။တစ်စီးထက် တစ်စီးပို၍ဈေးကြီးတာချည်းပင်။

သာမန်လူထုအတွက်ဆိုရင် 10မီလီယံဆိုတာ အတော်ကြီးများတဲ့ပမာဏပင်။ဒါပေမယ့် Yang Yan အတွက် 10မီလီယံက ဘဏ်ကဒ်ထဲမှ ကိန်းဂဏန်းအနည်းငယ်လောက်သာဖြစ်သည်။လူအများစုက ကိုယ့်ကိုကိုယ် သင်ကြားရေးမှာနှစ်မြှုပ်ထားပြီး အဆုံးမရှိတဲ့ဗဟုသုတတွေရှာဖွေ၍ လူမှုအဖွဲ့အစည်း၌အလုပ်ရရန်ကြိုးပမ်းနေချိန်မှာ Yang Yan ကကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး ငွေအတော်ဝင်နေပြီဖြစ်သည်။

Yang Yan ၏အကြည့်နှင့် ရင်ဆိုင်လိုက်ရပြီးနောက် Yang Yan ကသူ့ကိုရုတ်တရက်ကြီးကြိုက်သွားတာ မဟုတ်ပေမယ့် သူ့ဗိုက်ထဲကအသားလုံးက သက်ရောက်မှုရှိသွားတာလား ဒါမှမဟုတ် ရုတ်တရက် စိတ်ဝင်စားသွားတာလား။ခြေတစ်လှမ်းဆုတ်ပြီး စဉ်းစားကြည့်မယ်ဆိုရင် Yang Yan ပြောတာမှန်၏။သူကိုယ်ဝန်ဆောင်တာ တစ်လကျော်ကျော်ရှိနေပြီဖြစ်ပြီး ပုံမှန်လူကိုယ်ဝန်ဖျက်ချတာတောင်မှ ပြဿနာအနည်းကယ်လောက်ကရှိနေဆဲဖြစ်သည်။တကယ်လို့ နောက်လမှ ကလေးဖျက်ချမယ်ဆိုရင် ထိခိုက်မှုက ပိုပြီးပြင်းထန်မှာမဟုတ်ပါလား။

Yang Yan က 10 မီလီယံ ပေးဖို့ ဆန္ဒရှိတယ်။1 မီလီယံမဟုတ်သလို ယွမ် 100,000 လည်းမဟုတ်ဘူး။ဒါပေမယ့် 10မီလီယံဖြစ်တယ်။Xu Ze ကအကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ဆန်တဲ့ လူဖြစ်သည်။သူ ပိုက်ဆံကိုချစ်တယ်။ပိုက်ဆံရှာတာက အချစ်မှာကျဆုံးပြီး တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးတွေထက်တောင် အရေးကြီးတယ်လို့ သူထင်သည်။ဒါကြောင့်မို့ပဲ သူမှာမတူထူးခြားတဲ့စရိုက်မျိုးရှိနေတာဖြစ်သည်။သူငယ်စဉ်ကထဲက ဆိုးရွားတဲ့ပတ်ဝန်းကျင်မှာ မကြီးပြင်းလာဘဲ ဒါမှမဟုတ်သူ့မိဘတွေကသာ သူ့အပေါ်ချစ်မြတ်နိုးပေးခဲ့မယ်ဆိုရင်တောင်မှ သူဒီလိုစရိုက်မျိုးဖြစ်နေဦးမှာပဲ။ပြီးတော့ သူပြောင်းလဲဖို့လည်း မစီစဉ်ထားပေ။

Quick Transmigration; He likes being father 《Myanmar translation 》(ရပ်နား)Opowieści tętniące życiem. Odkryj je teraz