Ainul 1

2 0 0
                                    

ငါတို့ဘယ်ကစခဲ့သလဲ?
ဘယ်ရေစက်တွေကငါတို့ကိုဆုံစေခဲ့သလဲAinul?

Ainul ဆိုတာနဲ့ကျွန်တော့်ရဲ့စိတ်တွေဟာအရုပ်ကျိုးပြတ်လဲကျတယ်။ပြန်ထူမတ်ဖို့အင်အားတွေရှိပေမယ့်ကျွန်တော်ကိုယ်တိုင်ပြန်မမတ်ချင်တဲ့အခါဘယ်ဘုရားမှလည်းမကယ်နိုင်ဘူး။

"မင်းနဲ့ပတ်သက်တာမှန်သမျှမှတ်မိနေဖို့ငါ့ဦးနှောက်တွေကိုမင်းလာဘ်ထိုးခဲ့သလားလို့တောင်သံသယဝင်မိတယ် Ainulရယ်"

ကျွန်တော့်ဆီAinulရောက်လာချိန်ကရန်ကုန်မှာမိုးတွေရွာနေခဲ့တယ်။
အဲ့ဒီ့တုန်းကကျွန်တော်ကစာကောင်းကောင်းမလုပ်တဲ့ပထမနှစ်ဆေးကျောင်းသားလေး။
အဲ့ဒီ့တုန်းကကျွန်တော်ကနေ့နေ့ညညဂိမ်းဆော့ပြီးအချိန်ကုန်တတ်တဲ့ပေပေတေတေ မိန်းမမဆန်တဲ့ကောင်မလေး။
Ainulကတော့ကျောင်းဝတ်စုံဝတ်နေရဆဲဖြစ်တဲ့၁၂တန်းကျောင်းသားလေး။

ကျွန်တော်တို့တွေ့ဆုံချိန်မှာကျွန်တော်တို့ကအသက်၁၈တောင်မပြည့်သေးတဲ့ကလေးတစ်ပိုင်းတွေပဲ။

လူကြီးတွေပြောကြသလိုဆိုကျွန်တော်တို့ကအပျံသင်စငှက်ကလေးတွေပေါ့။

သူတို့ပြောသလိုကျွန်တော်ငှက်ကလေးဖြစ်ချင်ပါရဲ့။

ငါကျိန်ပြောရဲတယ် Ainul...။

ငါသာငှက်ကလေးဆိုမင်းရှိတဲ့Agartalaကိုမနားတမ်းပျံသန်းလိုက်မယ်။

AINULWhere stories live. Discover now