3

2.2K 211 15
                                    

Zawgyi

Read at your own risk

စာကြည့်ခန်းထဲ Seanနဲ့ အလုပ်ကိစ္စဆွေးနွေးနေ
ပေမယ့် ရှောင်းကျန့် စိတ်တွေက မီးဖိုဆောင်ထဲမှာ
ချက်ပြုတ်နေတဲ့ ဗိုက်လုံးလေးဆီမှာ။

အရေးကြီး ကိစ္စဆွေးနွေးနေသော်လည်း
အလုပ်ထဲအာရုံမရဘဲ ဖင်တကြွကြွဖြစ်နေတဲ့
အစ်ကိုတော်ကို Seanစိတ်မရှည်တော့။

"အဲ့လောက် ဖြစ်နေရင်လည်း မီးဖိုဆောင်ထဲ လိုက်
သွားပါတော့လား''

"မင်း မရီး က သူဟင်းချက်နေရင် မီးဖိုဆောင်ထဲ
မဝင်ခိုင်းလို့ပေါ့ကွ''

"အရင်ကလည်း ချက်နေကြပဲကို အစ်ကိုရာ''

ကျွတ်ဆတ်ဆတ်ပြောလာတဲ့Seanကို ရှောင်းကျန့်
ကခေါင်းတစ်ခါခါ။

"ဟ!!!အခုက ကိုယ်ဝန် ရင့်လာပြီလေကွာ။မတော်
တဆ လက်ကလေးရှသွားမှဖြင့် ။ဒါတွေမင်း
နားမလည်ပါဘူး''

အကဲပိုနေတဲ့ ရှောင်းကျန့်ကို Seanက သူ
မနိုင်တော့ဘူးဆိုတဲ့အကြည့်တွေနဲ့ ။

"ကဲ ထမင်းစားလို့ရပါပြီ''

မီးဖိုဆောင်ထဲ က အသံ စူးစူးလေးကြားလိုက်တာနဲ့
ဝုန်းခနဲ ပြေးထွက်သွားတဲ့ ရှောင်းကျန့်ကြောင့်
Seanတစ်ယောက် လန့်ဖျန့်ကာ ထိုင်ခုံမှ ပြုတ်ကျ
သွားသည်။

"ချီး ဖြည်းဖြည်း သွားပါ ငါ့အစ်ကိုရ ''

.
.
.
.

"အသက်, ဓားထိတာတွေ ၊ဆီပေါက်တာတွေ ဖြစ်
သေးလား''

အေပရွန်လေးချွတ်ပြီး ထမင်းဝိုင်းပြင်ရုံရှိသေး၊
မီးဖိုဆောင်ထဲ ကမန်းကတန်း ဝင်လာကာ
တစ်ကိုယ်လုံး ဒဏ်ရာ ရမရ လိုက်စစ်ဆေးနေတဲ့ ရှောင်းကျန့်။

"ရှောင်းကျန့် ရား!!!ငါဘာမှ မဖြစ်ဘူးဆိုမှကွာ''

"မီးဖိုဆောင် ဝင်တာ ဒီတစ်ခါနောက်ဆုံးပဲနော်
အသက် ။ နောက် ဒီလိုတွေ မလုပ်ရတော့ဘူး''

ပိုကိုပိုလွန်းတယ်ဆိုပြီး ပြောလိုက်ချင်ပေမယ့်
သူ့ကိုစိုးရိမ်လွန်ကာ မျက်နှာပျက်နေတဲ့ ရှောင်းကျန့်
ကိုကြည့်ပြီး စိတ်လျှော့လိုက်ရသည်။

ငါက မာဖီးယားရဲ့ မဟေသီWhere stories live. Discover now