Unicode
နေ့လယ်စာထမင်းဝိုင်းတွင် တို့ကနန်းဆိတ်ကနန်းသာ
စားနေသော ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ပူလာရသည်။
အရင်ကဆို ရိပေါ်ကို တစ်ခုမဟုတ် တစ်ခု စနေတဲ့လူကြီး
ကြောင့် ထမင်းဝိုင်းလေးကဆူညံလို့။အခုကျတော့ ရိပေါ်
ကိုရှိသည်ဟုပင်မထင်ဘဲ တစ်ယောက်တည်း အတွေးများ
နေသည့် လူကြီးကဖြတ်ရိုက်ပစ်ချင်စရာ။စိတ်နဲ့လူနဲ့ ကပ်ပုံမရဘဲ တစ်စုံတစ်ခုကို အသည်းအသန်
စဉ်းစားနေပုံပင်။ မျက်ခုံးတန်း နှစ်ခုကစုကျုံ့လျက်။Seanကိုလှမ်းကြည့်တော့လည်း ရိပေါ်သူ့ကိုကြည့်တာ
သိသည်နှင့် ချက်ချင်းပင် ခေါင်းငုံ့ကာ ထမင်းတွေချည်း
လှိမ့်စားနေသည်။~အားကိုးလို့ကို မရတဲ့ခွေးသားလေး~
ရှောင်းကျန့်ကို ရိပေါ်သဘောမကျသည့်အချက်ထဲတွင် ဒီ
လိုအကြောင်းချင်းရာတွေလည်းပါ၀င်သည်။Leoရာသီဖွား
ရိပေါ်က ဘွင်းဘွင်းရှင်းရှင်းသမား။ ကိုယ်မကြိုက်လျှင်
ဘယ်သူ့ကိုမှ အားနာတတ်သူမဟုတ်။နောက်ပြီး ရိပေါ်က
သူ့ခံစားချက်တွေဆို တစ်ဖက်လူကို ဝေမျှပြောတတ်သည်။
ခံစားချက်တွေကို မျိုသိပ်ပြီး တစ်ယောက်ထဲကြိတ်နာကျင်
ရတာမျိုးကို ရိပေါ်ကသဘောမကျပေ။ရှောင်းကျန့်ကတော့ထိုသို့မဟုတ်။တစ်ခါတလေ သူ့စိတ်ထဲ
ဘာတွေတွေးနေမှန်း သူ့ရဲ့လက်တွဲဖော်ဖြစ်သည့် ရိပေါ်
တောင်မသိ။ရှောင်းကျန့်က အဲ့လိုသောက်ကျင့်မကောင်း
တဲ့ဘိုးတော်။မနေနိုင်တဲ့အဆုံး ရိပေါ်ကပဲ မေးယူရသည်။
"ရှောင်းကျန့် ဟင်းမကောင်းလို့လားဟင်။ငါဒီစားဖိုမှူး
ကိုအလုပ်ထုတ်လိုက်ရမလား"စားဖိုမှူးmood:ကျွန်တော် ဒီနေ့မှအလုပ်စ၀င်တာလေဗျာ
(༎ຶ ෴ ༎ຶ)ထိုသို့မေးပြန်တော့လည်း ရှောင်းကျန့် ကခေါင်း တခါခါ။
"မဟုတ်ပါဘူး အသက်ရာ။ကိုယ်ဗိုက်မဆာလို့ပါ"
ရှောင်းကျန့်အနားတိုးသွားကာ နဖူးပေါ်ဝေ့ဝဲကျနေသော
ဆံပင်အချို့ကိုသပ်တင်ပေးရင်း နဖူးပြင်ကို ခပ်ဖွဖွအနမ်း
ပေးရင်း ကိုယ်ပူတိုင်းတော့လည်း သူလုပ်သမျှကို မျက်လုံး
လေးမှိတ်ကာ ငြိမ်ခံနေသည်။