For Eternity (Unicode)

72 4 0
                                    

Song Jihyo နှင့် Yoon Eun Hye.
Uni နောက်ဆုံးနှစ် တက်နေသည့်ကျောင်းသူနှစ်ယောက်။
အခ္စSong Jihyo နှင့် Yoon Eun Hye.
Uni နောက်ဆုံးနှစ် တက်နေသည့်ကျောင်းသူနှစ်ယောက်။
အချစ်ဆုံးသူငယ်ချင်းဆိုလည်း ပိုမှန်မည်။

Eun Hye ကကဲသလောက်၊ Jihyo ကအေးသည်။ Jihyo က social media လည်းမသုံး။ အပြင်ထွက်တာလည်းရှားသည်။
ကျောင်းထဲမှာတောင်မှ စာသင်ခန်းထဲမှာပဲနေတတ်သည်။

YEH- Jihyo ah!

JH- ဟေ?

YEH- ဒီနေ့ကျောင်းကိုရောက်တဲ့ကောင်လေး တွေ့ပြီးပြီလား? Youtube မှာလေ့ကျင့်ခန်း လုပ်ပြတဲ့ Gym Jong Kook လေ။
ငါတောင်ခုနလေးတင်တွေ့ခဲ့တာ။
သူကမိန်းကလေးတွေကို လှည့်တောင်မကြည့်ဘူး။ မိုက်တာတော့တကယ်မိုက်တယ်ဟာ။
သူကအခု canteen ထိုင်နေတာ။
မြန်မြန်လိုက်ခဲ့စမ်းပါ။

Eun hye က Jihyo လက္ကို အတင်းဆွဲခေါ်သဖြင့် Jihyo မှာလည်း မလိုက်ချင်လိုက်ချင်နှင့် လိုက်လာရသည်။

Canteen ရောက်တော့ Jihyo ကသူ့နားသွားပြီး ခေါင်းအစခြေအဆုံးကြည့်သည်။

JH- Oppa?

KJK- ဟမ်? နင်.....
Mong Ji?

Jihyo ကသူ့လက်မောင်းကို တစ်ချက်ထိုးလိုက်သည်။
Jong Kook ကလည်းဒေါသဖြစ်သွားပုံနှင့် မတ်တပ်ထရပ်လိုက်သည်။
ခပ်လှမ်းလှမ်းကကြည့်နေသူတွေကတော့
ပြဿနာတက်ပြီအထင်နှင့် Canteen အပြင်ထွက်သွားပြီး ချောင်းကြည့်နေကြသည်။
သူတို့နှစ်ယောက်တည်း canteen ထဲတွင်ကျန်ခဲ့သည်။

JH- လက်စသတ်တော့၊ လူတွေပြောပြောနေတဲ့
Gym Jong Kook ဆိုတာ oppa ကိုး။

KJK- ဟုတ်တယ်၊ ငါပဲ။

JH- Oppa အိမ်ပြောင်းလာတာလား?

KJK- အေး။ ဒီနေ့မှ ကျောင်းစတက်တာ။
ငါ့ကိုကျောင်းတစ်ပတ်လိုက်ပြဦးလေဟာ။ နှုတ်ဆက်ကတည်းက လက်သီးနဲ့ထိုးပြီးတော့
နင့်ဟာကလည်း...ဘယ်လိုကြီးလဲ?

JH- Oppa နော်။
သွားမယ်၊လာခဲ့။

သူက Jihyo ပုခုံးကို သိုင်းဖက်လိုက်တော့
Jihyo ကမကြိုက်သည့်ပုံစံနှင့် ထွက်ပြေးရန်လုပ်သည်။ သို့သော် Jong Kook ကသူမကို ဆွဲပွေ့လိုက်တော့ ချောင်းကြည့်နေတဲ့လူတွေတောင် ဟာခနဲ ဟင်ခနဲ ဖြစ်သွားရသည်။
သူတို့နှစ်ယောက်ကလည်း လူတွေရှိသည့် ကျောင်းအဆောင်ဘက်က ထွက်ပေါက်ကိုမလာဘဲ အပြင်ထွက်သည့် အပေါက်ကနေထွက်သွားကြသည်။

Spartace (One shots)Where stories live. Discover now