"Song Jihyo ssi"
Nurse မလေးခေါ်သံကြောင့် Jihyo တစ်ယောက် အခန်းထဲဝင်သွားလိုက်သည်။
"Song Jihyo ssi"
SJH- Nae.
"Song Jihyo ssi ရဲ့ ဆေးဆစ်ချက်အဖြေအရဆိုရင်တော့၊ သားအိမ်မှာ သုက်တွေကမြုံနေပါပြီ"
SJH- NAE?
"Song Jihyo ssi အတွက် ကိုယ်ဝန်မရနိုင်တော့ပါဘူး"
ဆရာဝန်ပြောစကားက၊ သူမအတွက် မယုံချင်စရာ။
သူမစိတ်ထဲမှာ အရင်ဆုံးတွေးမိတာက 'Jong Kook'.SJH [Oppa ကိုဘယ်လိုလုပ်ရမလဲ?]
တွဲနေတဲ့ 2 နှစ်လုံး၊ လက်ထပ်ဖို့ပဲပြောနေသော Jong Kook, ဘယ်လောက်တောင် မိသားစုဘဝကိုလိုချင်မှန်း Jihyo သိသည်။
ဆေးရုံကထွက်လာသည့် လမ်းတစ်လျှောက်လုံး တွေဝေမှုတွေနှင့်သာ။ Jong Kook ကို ဘယ်လိုပြောရမလဲ ဆိုတာက ခေါင်းထဲကမထွက်။
FLASHBACK
"Jihyo ah"
"Nae?"
"ငါတို့ မြန်မြန်လက်ထပ်ရအောင်"
"Nae?"
"မြန်မြန်လက်ထပ်ပြီး ကလေးလည်းယူမယ်"
"Oppa ကအဲ့ဒီအထိတောင် တွေးထားတာပေါ့?"
"အင်းပေါ့... မင်းနဲ့တူတဲ့ သမီးလေးရရင်ကောင်းမှာ"
"ခ်ခ်ခ်.... oppa~"
"အဲ့ဒါကြောင့် fan တွေကိုမြန်မြန်အသိပေးပြီး မြန်မြန်ယူကြရအောင်"
"Arasseo....arasseo"
Flashback ends.
အိမ်ပြန်ရောက်တာနှင့် အိပ်ခန်းထဲပြေးဝင်သွားပြီး၊ အိပ်ရာထဲတွင်လှဲကာ အသံတိတ်ငိုနေမိသည်။
******
(Ring...ring)
'Jong Kook oppa'
Jihyo ဖုန်းမကိုင်ခဲ့ပါ။ ဖုန်းကျသွားသည်အထိ screen လေးကိုသာ ငေးကြည့်နေမိသည်။
(Inbox 1)
'Yeobo~ ဘာလို့ဖုန်းမကိုင်တာလဲ? အလုပ်များနေတာလား? အဲ့ဒါဆိုရင် ပြီးမှပဲ ဖုန်းပြန်ခေါ်မယ်နော်။ Saranghae~'
(Inbox 1)
'ကို့စာကိုဖတ်နေတယ်ပေါ့? ဘာလုပ်နေတာလဲ?'