Part 1

49 6 0
                                    

ငါ့နာမည် ရှုကျီ

လိင် အမျိုးအစားက ယောက်ျား

ငါ တစ်စုံတစ်ယောက်ကို ၂နှစ်လောက် သဘောကျနေခဲ့တယ်။ သူ့နာမည်က ချန်ယွမ်။

လိင်အမျိုးအစားက ယောကျ်ား။

လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ငါတို့ ပထမနှစ်စတက်တော့၊ သူက ကျောင်းသားကိုယ်စားလှယ်အသစ်ပေါ့။ အဲ့ဒီ့နေ့က အတန်းရှေ့စင်မြင့်ပေါ်မှာရပ်နေတုံး သူပြုံးလိုက်ပုံလေးကို ငါ အမြဲသတိရနေတော့မှာ။ သိပ်နွေးထွေးတာပဲ။ အဲ့ဒီနောက်တော့ နေမင်းလေးနဲ့ နီးစပ်ချင်တဲ့ဆန္ဒက မအောင့်နိုင်အောင်ပါပဲ။

အထက်တန်းကျောင်း(စည်းကမ်း)တွေက အရမ်းမတင်းကျပ်ဘူး၊ ဒါကြောင့် မင်းထိုင်ချင်တဲ့နေရာကို ရွေးထိုင်လို့ရတယ်။ ဆိုတော့ ငါ သေသေချာချာစဉ်းစားရတယ်။

သူရေဘူးကိုင်ထားတုံး သူ ငါ့ကိုတိုက်မိအောင် ငါတမင်လုပ်လိုက်တယ်၊ အဲ့တော့ ရေတွေကငါ့ပေါ်ကို ဖိတ်ကျကုန်တာပေါ့။ မြောက်ပိုင်းရဲ့ဩဂတ်လကုန်ပိုင်းမှာ ရေအေးနဲ့အဖြန်းခံလိုက်ရတာက ငါ့ကို မနည်းတော့စိတ်ငြိမ်သွားစေတယ်။

သူငါ့ကိုတောင်းပန်လာတာပေါ့။ ငါ ရည်ရွယ်ချက်ရှိရှိ မျက်မှောင်ကျုံ့ထားပြီး အဆင်ပြေပါတယ်လို့ပြောလိုက်တယ်။

ငါဘယ်အတန်းကလဲလို့ သူမေးလာ‌တော့ ၊ ငါ ပြောလိုက်တယ် ပထမနှစ် လို့။

သူချက်ချင်းပဲ စိတ်တွေလှုပ်ရှားလာပြီး သူရောပဲတဲ့။

ငါ ရင်ထဲကနေပြုံးမိတာပေါ့၊ ဒါပေါ့ မင်းရောပဲဆိုတာ ငါသိတာပေါ့လို့။

အပြစ်ရှိစိတ်ကြောင့်လား၊ ဒါမှမဟုတ် ငါကပဲ အတန်းထဲက သူသိတဲ့ တစ်ဦးတည်းသောသူဖြစ်နေလို့လားတော့မသိဘူး၊ အဲ့ဒီ့ငါကလဲ သူ့ကို peng ci* စလုပ်ခဲ့တဲ့ ကောင်လေ။ ခပ်တိုတိုပြောရရင်တော့ ငါ့ကို ဆွဲခေါ်သွားပြီး အနောက်ဘက်နံရံကစရေရင် ၂တန်းမြောက်မှာ ထိုင်ချလိုက်တော့တာပဲ။ ပြောသေးတယ် ဒါက စိတ်ချရတဲ့နေရာပဲတဲ့။ အနောက်ရော၊ အရှေ့‌ရော၊ဘယ်ရော ညာရောလုံးက အကုန်ကွယ်နေတာ။

( Here, * peng ci or touch porcelain ဆိုတာ အနေအထားတစ်ခုရောက်အောင် မဖြစ်,ဖြစ်အောင် တွန်းပို့လိုက်တာမျိုးပေါ့။ " ဒီယုန်မြင်လို့ ဒီချုံထွင် " ဆိုတာနဲ့ဆင်တူမယ်)

သာမာန်မဟုတ်သော ကောင်းချီးWhere stories live. Discover now